သန်းရွှေရဲ့ ယောယုဝခရီး
တေးရေး၊ တေးဆို - ထက်အောင်ရှိုင်း
သေမထူး နေမထူး ဘုရင်ရူး သန်းရွှေရေ၊
(မြို့ တည်ထောင် နန်းတု ဆောက်ကာ ဂူမှာ မပုန်းနဲ့၊
ကျက်သရေဟာ မင်းနဲ့ မထိုက်လို့ ခွေးသားရေလေးနဲ့
ဗေဒင်မမေးနဲ့ ဆန် ကုန်မယ်၊ ယတြာလည်း ဆုံးလို့ မကယ်နိုင်တယ်။) ၂
(အများပြည်သူတွေ စုကာ ၀ိုင်း၊ ကန့်ကွက်ကြသူတိုင်း
စစ်ကာများနဲ့ မြို့ထဲ လှည့်လို့ရယ်၊ မညှာမတာပဲ အသေ ပစ်သတ်ကြတယ်။) ၂
မြို့တည်ထောင် နန်းတု ဆောက်ကာ ဂူမှာ မပုန်းနဲ့
ကျက်သရေဟာ မင်းနဲ့ မထိုက်လို့ ခွေးသားရေလေးနဲ့
ဗေဒင်မမေးနဲ့ ဆန် ကုန်မယ်၊ ယတြာလည်း ဆုံးလို့ မကယ်နိုင်တယ်။
(ယောယုဝ ငရဲပြည်က ယမမင်းကြီး လာ စောင့်နေတယ်။
ပရပိုက်ကြီးတောင် မဆန့်ပါကွယ်၊ အ၀ီဇိငရဲကို ဆင်းရုံပဲဗျ။
ကိုယ် ပြုသမျှ ကံအကြောင်း မလှရင် လူမိုက်ကြီးတွေ မရှက်နဲ့ကွယ်။) ၂
မြို့တည်ထောင် နန်းတု ဆောက်ကာ ဂူမှာ မပုန်းနဲ့
ကျက်သရေဟာ မင်းနဲ့ မထိုက်လို့ ခွေးသားရေလေးနဲ့
ဗေဒင်မမေးနဲ့ ဆန် ကုန်မယ်၊ ယတြာလည်း ဆုံးလို့ မကယ်နှိုင်တယ်။
(သေမထူး နေမထူး ဘုရင်ရူး သန်းရွှေရေ .................. ယတြာလည်း ဆုံးလို့ မကယ်နိုင်တယ်။)