Top Advertisement
နယူးယော့နေ မိတ်ဆွေကြီးနဲ့ စကားပြောခြင်း

နယူးယော့နေ မိတ်ဆွေကြီးနဲ့ စကားပြောခြင်း - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

ငါ့မိတ်ဆွေက
ရွေးကောက်ပွဲအလွန် ကာလတွေရဲ့
နေ့ ရက်တွေထဲ
တိုက်ခတ်နေတဲ့ လေထဲမှာ
မသိုးမသန့်  ရနံ့ တွေကြောင့်
စိတ်မသက်မသာဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

အာဏာ လက်မလွှတ်ရေး အတွက်
(မျောက်သစ်ကိုင်း မလွတ်ရေး)
ဘက်ပေါင်းစုံက ကျားကန်
ကောက်ကျစ်စဉ်းလဲမှု ဉာဏ်
ပြုပြင်ပြောင်းလဲမှု ဟန်
အပေါ်ယံ ရွှေမှုန်ကြဲ
ငါတို့ အစဉ်တစိုက် တောင်းဆိုခဲ့ကြတာက
နှောင်ကြိုးမဲ့ လွတ်လပ်ရေး ပါ။

ဘယ်လိုအရာတွေနဲ့  နှိုင်းယှဉ် ပြောရမလဲ
အနှိုင်းခံ စကားလုံးများ
ငါ့ မှာ အားနာ
လိုက်လျော ပြုပြင် ပြောင်းလဲခဲ့သမျှ
ကျီးအာသီးဘ၀ကကို မတက်ဘူး။

စိတ်ရင်းအမှန်ကို
ဘာနဲ့ မှ ဖုံးဖိလို့  မရ
သူတို့ ပြောတဲ့ အရွေ့တခုကိုက
မရိုးသားခဲ့သမျှ -
ဒို့ မယုံဘူး ….. ဒို့ မယုံဘူးးး ……. ဒို့ မယုံဘူး

လေထဲက
မသိုးမသန့် ရနံ့ တွေ ရတိုင်း
မီးဟုန်းဟုန်းတောက်နေတဲ့ ရောမမြို့ပျက်ကြီးနဲ့ 
နီရိုးဘုရင်တို့ သာ မြင်နေမိတော့တယ်။

ရဲရင့်သက်ဇွဲ
၃၀၀၅၂၀၁၂
ခံစားချက် - နယူးယော့နေ မိတ်ဆွေကြီးနဲ့ စကားပြောခြင်း ရဲရင့်သက်ဇွဲ - May 31 2012 12:53 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005