ရာစုသစ် ဖယောင်းတိုင်

ရာစုသစ် ဖယောင်းတိုင် - ခင်အောင်အေး (သရုပ်ဖော် - မြင့်လှိုင်)
အဓိပ္ပါယ်တွေက အများကြီး
အဖြေကတော့ တခုထဲ
ဒါပေမယ့် သုံးလို့တော့ မရဘူး တဲ့။ ကျောချမှ ဓါးပြမှန်း သိတယ်
ကျနော်တို့ ရိုးအ ပုံတွေများ။ အလောင်းဘုရား အယုဒ္ဓယကို အောင်နိုင်ခဲ့ဖူးတာပဲ
နှစ်ပေါင်းများစွာ ပါးစပ်အရသာခံလို့ကို မဆုံးနိုင်ဘူး။ ပြီးတော့
နယ်ချဲ့အင်္ဂလိပ် လက်အောက်မှာ
ဖက်ဆစ်ဂျပန်ရဲ့လက်အောက်မှာ ပြားပြားမှောက်ခဲ့ရ။ အဲ့ဒီနောက် ၁၉၄၈ မှာ
လွပ်လပ်ရေး ရပြီ ဆိုပြီး ပြောကြ ရေးကြတာတွေ
ဖတ်ရ မှတ်ရ သင်ကြားခဲ့ရတယ်။ အခု ၂၀၁၂ ခုနှစ်
ရာစုနှစ် အသစ်စက်စက်ကြီးထဲမှာ
ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်တာတောင်
ပလိပ်က ဖမ်းတုန်း ရိုက်တုန်း
ထောင်ချလို့ ကောင်းတုန်း။ ကဲ - ဘယ်မှာလဲ
ခုနက ပြောတဲ့ လွတ်လပ်ရေး ဆိုတာကြီးက။ ။ ခင်အောင်အေး
၂၇၊ မေ၊ ၂၀၁၃ ဖရာ့ပရာဒင်၊ ဘန်ကောက် ၀၇း၅၁

ခံစားချက် - ရာစုသစ် ဖယောင်းတိုင် ခင်အောင်အေး - May 31 2012 12:43 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ခင်အောင်အေး ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012