Top Advertisement
ဘာတွေ မှားခဲ့သလဲ
New Year Resolution (Ye Yint Thet Zwe) Myint Hlaing

ဘာတွေ မှားခဲ့သလဲ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

နှစ်တနှစ်ရဲ့ နောက်ဆုံး ဇာတ်သိမ်းမှာ
သံတူကြောင်းကွဲ ဝေဒနာများ
သံတူကြောင်းကွဲ ၀ါဒများ
တနှစ်ပတ်လုံး အိပ်စက်နေရာမှ
အလုအယက် တိုးဝှေ့ ထွက်လာ
နှစ်ထောင့်တဆယ့်တစ် ဟာ
ဝရုန်းသုန်းကား ကျန်ခဲ့ပြီ ။

ဟော့ … လာကြပြီ … လာကြပြီ
နှစ်တနှစ်ရဲ့ အစအဦးမှာ
ရည်စားဦးနဲ့ တွဲသလိုမျိုး
သဲသဲလှုပ်လှုပ်
အနာဂတ်ကို အစွံထုတ် မတဲ့။

စစ်ပွဲတွေက ဖြစ်တုန်း
ပျော်ပွဲရွှင်ပွဲတွေက ဖြစ်တုန်း
ဒုက္ခသည် စခန်းထဲမှာ
ဘေထုတ်တွေ ဝေနေရတုန်း
အကိုက ထောင်ထဲ ၁၅ နှစ် နေခဲ့ရ
သူငယ်ချင်းဖိုးချို မင်းက ၂၁ နှစ် နေခဲ့ရ
၂၃ နှစ်တာ ကာလအတွင်း
ပြောင်းလဲခဲ့တဲ့ နှစ်သစ်တို့ရဲ့ ဆွဲဖဲတိုင်းမှာ
မျှော်လင့်ခြင်းတို့  ပုံအောခဲ့ရတာ
ဒုက္ခိတပျားတုတ်ပုံတွေ မကုန်သေးဘူး လေ ။

မိတ်ဆွေတချို့ အကြံပြုတယ်
အကောင်းမြင်တရား လက်ကိုင်ထားကြည့်ပါလား တဲ့
ဟုတ်ကဲ့ ကျနော် ဖြတ်ကနဲ သတိရ
ဖော်ဝေးရဲ့ ကဗျာတစ
ငါ့လျှာမှ ထွန်ကြောင်း အရစ်ရစ်
တစစ်စစ် နာကျင် ဖူးယောင်
အိပ်မက်တွင်ပင် သောင်ထွန်းလာသည့် အဆုံး
မြစ်ရေလုံးလုံး ခန်းပြီ။

ရဲရင့်သက်ဇွဲ
၀၁၀၁၂၀၁၂
ခံစားချက် - ဘာတွေ မှားခဲ့သလဲ ရဲရင့်သက်ဇွဲ ကဗျာ - Feb 15 2012 10:21 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005