ဖယောင်းတိုင်များရဲ့ ကိုယ်တိုင်ရေး ရာဇဝင်

ဖယောင်းတိုင်များရဲ့ ကိုယ်တိုင်ရေး ရာဇဝင် - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
ဖယောင်းတိုင်ဟာ
ဖယောင်းတိုင် အစွမ်းလောက်ပဲလင်းမယ်ဆိုတဲ့
ယုတ္တိဗေဒ အဆို မှားလေပြီ။ ဒီ ဖယောင်းတိုင် အလင်းတွေကျ
နိုက်ကလပ်က ဖယောင်းတိုင် မဟုတ်
ဖိုက်စတားဟော်တယ်ထဲက
အလှထွန်း ဖယောင်းတိုင် မဟုတ်
ဘီလျှံနာ ညစာဝိုင်းက ဖယောင်းတိုင် မဟုတ်
နှစ်ပတ်လည် မွေးနေ့  ဖယောင်းတိုင် မဟုတ်
မဟုတ် - မဟုတ် - မဟုတ်။ ဒီ ဖယောင်းတိုင်တွေက ထူးခြား
ည အမှောင်ခွင်းရုံလောက် မဟုတ်
ဘဝ အမှောင်ကိုပါ လင်းလေရဲ့။ ကြည့်ကြ
ဒီ ဖယောင်းတိုင်ကိုင် လက်တွေက
အိုက်ခမန်းရဲ့ ငရဲခန်းသော့ကို ရိုက်ချိုး ဖွင့်တယ်
ပိုပေါ့ရဲ့ သတ်ကွင်းထဲ မီးထွန်း ဆင်းတယ်
နိပွန် ကင်ပေတိုင်တံခါး ရဲရဲ ခေါက်တယ်
အာဏာရှင် အရိုင်းဘဝင်တွေကို
စိမ်ခေါ်လေသော ဖယောင်းတိုင်များပါ လေ။ ဒီ ဖယောင်းတိုင် အလင်းက
ပြဿနာအဖြေကို မီးထွန်း ရှာဖွေခြင်း
စံနစ်ရဲ့ အညစ်တွေကို သစ်မယ့်
ခေတ်ရဲ့ အသစ်တွေကို လင်းလက်
အစစ်ရဲ့ အနှစ်တွေကို ခင်းဖွဲ့မယ့်
ဒီ ဖယောင်းတိုင်များပဲ နော့။ နျူကလီးယားဓာတ်ပေါင်းဖို ထုတ်
လင်းရောင်ထက် ကဲ ပိုလေမလား
လူ့ ဘောင် လူ့ အန္တ အမှောင်ကိုပါ ခွင်းလင်းစေသမို့ 
ညအမှောင် ဘဝအမှောင်များကို အံတုလေတဲ့
လင်းလက် ဖယောင်းတိုင်ကိုင် လက်များရဲ့
ခွင်းထွက် ဖယောင်းတိုင်များ။ ။ ကျော်ဟုန်း
( ဆန္ဒမှန် ထုတ်ဖော်ရဲတဲ့ သူရဲကောင်းဖယောင်းတိုင်ရှင်များသို့ )
ဖယောင်းတိုင် အစွမ်းလောက်ပဲလင်းမယ်ဆိုတဲ့
ယုတ္တိဗေဒ အဆို မှားလေပြီ။ ဒီ ဖယောင်းတိုင် အလင်းတွေကျ
နိုက်ကလပ်က ဖယောင်းတိုင် မဟုတ်
ဖိုက်စတားဟော်တယ်ထဲက
အလှထွန်း ဖယောင်းတိုင် မဟုတ်
ဘီလျှံနာ ညစာဝိုင်းက ဖယောင်းတိုင် မဟုတ်
နှစ်ပတ်လည် မွေးနေ့  ဖယောင်းတိုင် မဟုတ်
မဟုတ် - မဟုတ် - မဟုတ်။ ဒီ ဖယောင်းတိုင်တွေက ထူးခြား
ည အမှောင်ခွင်းရုံလောက် မဟုတ်
ဘဝ အမှောင်ကိုပါ လင်းလေရဲ့။ ကြည့်ကြ
ဒီ ဖယောင်းတိုင်ကိုင် လက်တွေက
အိုက်ခမန်းရဲ့ ငရဲခန်းသော့ကို ရိုက်ချိုး ဖွင့်တယ်
ပိုပေါ့ရဲ့ သတ်ကွင်းထဲ မီးထွန်း ဆင်းတယ်
နိပွန် ကင်ပေတိုင်တံခါး ရဲရဲ ခေါက်တယ်
အာဏာရှင် အရိုင်းဘဝင်တွေကို
စိမ်ခေါ်လေသော ဖယောင်းတိုင်များပါ လေ။ ဒီ ဖယောင်းတိုင် အလင်းက
ပြဿနာအဖြေကို မီးထွန်း ရှာဖွေခြင်း
စံနစ်ရဲ့ အညစ်တွေကို သစ်မယ့်
ခေတ်ရဲ့ အသစ်တွေကို လင်းလက်
အစစ်ရဲ့ အနှစ်တွေကို ခင်းဖွဲ့မယ့်
ဒီ ဖယောင်းတိုင်များပဲ နော့။ နျူကလီးယားဓာတ်ပေါင်းဖို ထုတ်
လင်းရောင်ထက် ကဲ ပိုလေမလား
လူ့ ဘောင် လူ့ အန္တ အမှောင်ကိုပါ ခွင်းလင်းစေသမို့ 
ညအမှောင် ဘဝအမှောင်များကို အံတုလေတဲ့
လင်းလက် ဖယောင်းတိုင်ကိုင် လက်များရဲ့
ခွင်းထွက် ဖယောင်းတိုင်များ။ ။ ကျော်ဟုန်း
( ဆန္ဒမှန် ထုတ်ဖော်ရဲတဲ့ သူရဲကောင်းဖယောင်းတိုင်ရှင်များသို့ )
ခံစားချက် - ဖယောင်းတိုင်များရဲ့ ကိုယ်တိုင်ရေး ရာဇဝင် ကျော်ဟုန်း - May 31 2012 12:21 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012