Top Advertisement
ပထ၀ီ (ဒါမှ မဟုတ်) သမိုင်း နိုင်ငံရေး

ပထ၀ီ (ဒါမှ မဟုတ်) သမိုင်း နိုင်ငံရေး - ခင်အောင်အေး (သရုပ်ဖော် - မြင့်လှိုင်)

မျက်ရည် တဥဟာ
သမိုင်းတခုပါ ပဲ

မင်း အဲ့ဒီနေရာမှာ
ငုတ်တုတ် ထိုင်နေဆဲလား

တောင်တန်းများ အဖြစ်
တွန့်ခေါက် သွားခဲ့ရဲ့

ပင်လယ်သမုဒ္ဒရာကြီးများ အဖြစ်
ချိုင့်ခွက် သွားခဲ့ရဲ့

‘ ဒီမိုး မှောင်တုန်း မောင် ပုန်းပါရစေ ခင် -’
သံစဉ် နွဲ့ခဲ့ရဲ့

လူ့ယဉ်ကျေးမှုကို
ဂူထဲကနေ စ ရေတွက်ခဲ့ကြတယ်။

သတိ မမူတော့
ဂူကို မမြင်မိခဲ့ဘူး။

လိမ့်စီးသွားတဲ့ မျက်ရည် ဥ
ပြန်လု မသိမ်းနိုင်ခဲ့ဘူး။

ခင်ဗျားက ပထ၀ီ လို့ဆိုရင်
ကျုပ်က သမိုင်းလို့ပြောမယ်။

နောက်ဆုံးတော့
နိုင်တဲ့သူသာ သိမ်းကြုံး ယူငင်သွားလေရဲ့။ ။

ခင်အောင်အေး
၃၊ မေ၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၀း၅၃ နာရီ
ခံစားချက် - ပထ၀ီ (ဒါမှ မဟုတ်) သမိုင်း နိုင်ငံရေး ခင်အောင်အေး - May 16 2012 06:31 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005