Top Advertisement
အမေ့ နို့

အမေ့ နို့ - မောင်ကြီးငြိမ်းချမ်း (သရုပ်ဖော် - မြင့်လှိုင်)

အမေ လား
ခေတ်ပျက်ကြီးထဲမှာ
ဟောဒီ သား လူဖြစ်တော့
ချက်ကြိုးတောင် မဖြတ်ရသေးဘူး၊
ထွက်ပြေးလိုက်ရပြီ။

အမေ့နို့ တဲ့ လား
တရုတ်ပြည်မှာ ထုတ်လုပ်သည်
ပြည်တွင်းစစ်နဲ့ တင်ပို့
စစ်အာဏာရှင်မှ ဖြန့်ချိခြင်း
ကျနော် ဦးနှောက်တွေ လိုက် မမှီဘူး။

အဲဒီသားက အသက် ၄၀ ကျော်
အမေ က ၅၅
ကလေး အခွင့်အရေး
အမျိုးသမီး အခွင့်အရေး
အခုအချိန်မှာ ပြောလို့ ရပြီလား။

အမေရေ
ကံ ကိုပုံချတဲ့ ယဉ်ကျေးမှု
အတွင်းကြေတဲ့ နှလုံးသားများ
တောနက်ကြီးရဲ့ ဥပဒေ
ကိုယ်ခံအားတွေ ကောင်းတာတောင်
ရေမြေ နဲ့ အချိန်အခါ မကောင်းရင်
အပင် ဆိုတာ မရှင်ဘူးလေ။

မောင်ကြီးငြိမ်းချမ်း
ခံစားချက် - အမေ့ နို့ မောင်ကြီးငြိမ်းချမ်း - May 16 2012 06:24 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005