Top Advertisement
မီးတောက်ထဲကို ပိုးဖလံ တိုးဝင်မိုက်တယ်

မီးတောက်ထဲကို ပိုးဖလံ တိုးဝင်မိုက်တယ် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
မျှော်ကိုးနေမိတဲ့ စိတ်ကို
အမြစ်ပြတ်အောင် မနှုတ်သိမ်းနိုင်ခဲ့ဘူး ။

လှေမျော လှေနဲ့ လိုက်ကြတယ်၊
ငွေမျောတော့လည်း ငွေနဲ့ လိုက်ကြပြန်တယ်၊
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အဲဒီထင်ကြေးထဲကို မျက်စေ့စုံမှိတ်
နောက် ပြဿနာ နောက် ရှင်း
ခပ်တင်းတင်း ခုန်ဆင်းသွားကြတယ် ။

ဘ၀သံသရာမှာ
သမုဒယ အနုအလှတွေနဲ့ 
ယုယုယယ နေချင်သော်လည်း
ဘ၀မျောတော့ ဘ၀တွေနဲ့ လိုက်ရ
အနာဂတ်တွေ မျောတော့
ဘာတွေနဲ့ လိုက်ရမှာလဲ
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အဲဒီ မီးထဲကိုပဲ ထင်းတွေ ထပ် ထိုးနေခဲ့ကြ ။

ဟိုးတုန်းကလို
အိပ်ကပ်ထဲ အောင်ဘာလေထီလက်မှတ်တွေ့ရုံနဲ့ 
စကားကို အပြတ် မပြောလိုက်ဘို့ 
အဲသလိုမျိုး ခေတ်ကို
ပြန်ရလိုရငြား ပြန်ရလိမ့်နိုးနိုး
အိပ်မက်အသိုးတွေကို သာသာထိုးထိုး ပေးနေပြန်ပြီ ။

မယူလိုက်က မိုက်လို့ ထင်
ယူလိုက်ပြန်က ကြိုက်လို့ ထင်
မပြတ်သားတဲ့ စိတ်ကို ခေတ်တိုင်းမှာ
အမြစ်ပြတ်အောင် ဆွဲမနှုတ်နိုင်ခဲ့ကြပုံများ
ထင်းတွေ ဖြစ်လို့ - ။ ။

ရဲရင့်သက်ဇွဲ
၁၂၀၅၂၀၁၂
ခံစားချက် - မီးတောက်ထဲကို ပိုးဖလံ တိုးဝင်မိုက်တယ် ရဲရင့်သက်ဇွဲ - May 16 2012 05:46 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005