Top Advertisement
ဟင်းလင်းပွင့် တောအုပ်

ဟင်းလင်းပွင့် တောအုပ် - ငြိမ်းချမ်းအောင် (သရုပ်ဖော် - မြင့်လှိုင်)

ကမ္ဘာသစ်ကို မှီဖို့ မသေချာဘူး၊
ကမ္ဘာဟောင်းမှာ ရှင်ဖို့ မသေချာဘူး။

ဟစ်တလာ သေသွားတာ သေချာတယ်၊
ကားလ်မာခ် ပြောခဲ့တာ သေချာတယ်၊
ဗုဒ္ဓ ဟောခဲ့တာလည်း သေချာတယ်၊
သေချာတယ်ဆိုတာ မသေချာဘူးဆိုတာ သေချာတယ်။

အလတ်ဆတ်ဆုံး လေကို ရှူရိုက်ဖို့
အခက်ခဲဆုံး တောင်ကုန်းကို တက်ခဲ့တယ်။

အခန့်ငြားဆုံး စီးဆင်းဖို့
အကြမ်းတမ်းဆုံး မြစ်မှာ ဆန်ခဲ့တယ်။

ဒီလိုနဲ့
သခင်စိုးနဲ့ မောင်ချောနွယ်ကိုလည်း
စိန်ခေါ်ရဲခဲ့ပြီ။

ဒီလိုနဲ့
မြာပွေတဲ့ မာယာကော့စကီးကိုလည်း
စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ပြီ။

ဒီလိုနဲ့
အိမ်ထောင်ဆက် များတဲ့
မော်စီတုန်းကိုလည်း
အကြည်ညို ပျက်ခဲ့ပြီ။

ဒီလိုနဲ့
ကိုဗဟိန်း ပြတင်းဝမှာ သာတဲ့
လရောင်ကိုလည်း ခံစားတတ်ခဲ့ပြီ။

ပန်းပွင့်တွေနဲ့ စကားပြောရင်း
ငှက်အော်သံတွေမှာ အဓိပ္ပါယ်ရှာရင်း
နေပူထဲ မီးပွိုင့်မိနေတဲ့ လမ်းမှာ
ဖိနပ်ပေါက်ကို စီးရင်း
အခမ်းနားဆုံး ခရီးကို ဆက်ခဲ့တယ်။

မြန်မာပြည်ကို ပခုံးနဲ့ ထမ်းတင်မယ်ဆိုရင်
သမ္မတဦးသိန်းစိန်ကိုလည်း ထောက်ခံမယ်။

ချစ်သူကို ပျော်တော်ဆက်နိုင်ရင်
ဗေလုဝကိုလဲ ကျေးဇူးတင်တယ်။

ဒီလိုနဲ့
ဟိုချီမင်းနဲ့ ဦးဝင်းတင်တို့ရဲ့ အထီးကျန် ရဲရဲတောက်
စိတ်ဓါတ်ကို လေးစားရင်း

အကြမ်းတမ်းဆုံး နေ့တွေကို
အခမ်းနားဆုံး ဖြတ်သန်းရင်း

ရှင်ဖို့အတွက် သေခဲ့ပြီ။ ။

ငြိမ်းချမ်းအောင်
(ဧပြီ ၁၈၊ ၂၀၁၂)
ခံစားချက် - ဟင်းလင်းပွင့် တောအုပ် ငြိမ်းချမ်းအောင် - May 16 2012 05:01 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005