Top Advertisement
လွတ်တဲ့ငါးကြီးသူများ ငါး မရ ရေချိုး ပြန်
Fish Story (Ye Yint Thet Zwe) Myint Hlaing

လွတ်တဲ့ငါးကြီးသူများ ငါးမရ ရေချိုးပြန် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

အလဲလဲ အကွဲကွဲ
မရဲတရဲနဲ့ 
ကျွဲပြဲ စီးလာကြသူများ
ရွှေဘ လဲကျ ပြန်ထ
လက်ခုပ် လက်ဝါး တီးသံ
သောသော ညံသွားတယ်။

နွားရိုင်းသွင်းချိန်
ညီအကို မသိ တသိ အချိန်ပါ
(သိချင်ရင်လည်း သိမယ်)
ငါ့စကား နွားရ နှစ်ကာလများ
အမှောင်မှာ ပျော်ပါးခဲ့ကြပြီးမှ
အလင်းရောင်ရဲ့ တန်ဖိုး
အလေးခိုးဘို့ ကြိုးစားခဲ့ကြတယ်။

အများ ဦးခိုက်လို့ 
သူတို့ လဲ ရောယောင် ဦးခိုက်
မပြတ်သားတဲ့ စရိုက်နဲ့ လူမိုက်များ
အရောင်းသွက်စာရင်းမှာ သူတို့ လဲ ပါ
ကမ္ဘာမကြေတေးသံဟာ ပိုးထိုးလောက်ကိုက်
အသက်စွန့် သူများရဲ့  ၀ိညာဉ်
အငိုလွယ်ပြီး အရှိုက်ခက်ခဲ့ပြီ။

ကဲ ….. ဒီဇင်ဘာကတော့
ချုပ်ရိုးတွေ ဗလပွ
ကြေကွဲခြင်း အ၀တ်စတွေနဲ့
ယုံကြည်ချက်အလံကို လွှင့်ထူထားလိုက်ပြီ။
….

ရဲရင့်သက်ဇွဲ
၂၄၁၂၂၀၁၁
၎း၄၂ အေအမ်
သဘောထားအမြင် - လွတ်တဲ့ငါးကြီးသူများ ငါး မရ ရေချိုး ပြန် - Feb 15 2012 08:30 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005