Top Advertisement
နေ အလင်းနဲ့  အမှောင်ခွင်းသူ

နေ အလင်းနဲ့  အမှောင်ခွင်းသူ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)

တကယ်ပါ မသိဘူးလား
(မျက်သားလွှာရဲ့ ဆေး
ဦးနှောက်ရဲ့ တေး
အသည်းနှလုံးရဲ့ သွေး) ဟာ
“ စာနယ်ဇင်း” ပါ။

စာနယ်ဇင်း ဆိုတာ
လူ့ သမိုင်း တိုးတက်ဖို့ 
လူ့ အရိုင်း ယဉ်ပါးဖို့ 
လူ့ အနှိုင်း စံထားဖို့ 
လူ့ လောကအတွက်
ပန်းတခင်း စမ်းတစင်း ပမာ
သဘောထားနိုင်သူတွေ ရှိသလို
မြားတစင်း ငရဲမီးတခွက် ပမာ ထား
သဘောရိုင်းသူတွေလဲ ရှိတော့
ကလောင်သွေးသူ တချို့
စေတနာအလျှောက် ဒုက္ခရောက် ရရှာ။

ဒုက္ခတွေ ဘယ်လို ရောက်ရောက်
စာနယ်ဇင်းသမား မှန်ရင်
အာဏာရှင် ဇီဝိန်ချွေမယ်ဆိုလဲ မမှု
ကလောင်တလက်ဟာ မိုးကြိုးသွားပမာ ခွင်း
အာဏာရူးကို ဒူးမထောက် ထိုးဖောက်
အများအတွက် အမြဲ သစ္စာစောင့်တယ်။

သမိုင်းရိုင်းတွေကို
ယဉ်ကျေးမှုသင်တန်း ပေးခဲ့တာ
ပန်းရိုင်းတွေကို မွှေးရနံ့  သွင်းပေးတာ
လမ်းရိုင်းတွေကို ခုတ်ထွင် ရှင်းချဲ့တာ
စာနယ်ဇင်းရဲ့ သမာဓိအရင်း ပါ။

စာနယ်ဇင်းဆိုတာ
လူတွေအားလုံးရဲ့ မျက်စိအပို တစုံ
လူတွေအားလုံးရဲ့ အသည်းနှလုံးအပို တခု
လူတွေအားလုံးရဲ့ ဦးနှောက်အပို တစုမို့ 
အမျက်သိုသူတွေရှိရင် ရှင်းဟေ့
အသက်လိုသူတွေ ရှိရင်လဲ ရင်းရဲတယ်
အရေးကြီးတိုင်း သွေးနီးစေ။

ကျော်ဟုန်း

(မေ - ၃ ၊ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ နှင့် ကမ္ဘာ့စာနယ်ဇင်းသမားများအတွက် ဂါရ၀ကဗျာ)
ခံစားချက် - နေ အလင်းနဲ့  အမှောင်ခွင်းသူ ကျော်ဟုန်း - May 9 2012 02:06 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005