Top Advertisement
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ကြောင်လို သတ္တဝါ - ခင်အောင်အေး (သရုပ်ဖော် - မြင့်လှိုင်)

ပက်ပက်စက်စက် ဆဲပစ်လိုက်ဖို့ အားယူရင်း အသက်ကို ရှူသွင်းလိုက်စဉ်
မှိုတက်နေသော ဒိန်ခဲ လှပခြင်း ဒီ မိုးလေဝသအခြေအနေကို ငါ မကြိုက်ဘူး။

အလွယ်တကူ မလှုပ်နိုင် မကျနိုင် အာစေးထည့်ထားသလို လျှာ လိပ်များ
စည်းမပီ ဝါးမမိ ကြုံသလို ကျရာနဲ့တီးခတ်မှုမှာ လက်ကွေး ခြေလိန်အက
ကျွတ်ရွနေအောင် မီးပြင်းဖြင့် ကြော်လှော်ထားပြီး လက်သည်းခွံခန့် လိုဂိုတံဆိပ်
ဘယ်တော့မှ တကြောင်းဖြတ်ထည့်ရန် အရူးအမူး ပျော်ရွင်ရသည့် ပွဲမျိုး
ဝမ်းနည်းဝမ်းသာ မျက်ရည်စီးလည် ဆို့နင့် လီမွန်တီးဖြင့် ဧည့်ခံရသည့်အခါမျိုး
ခါးက ဘောင်းဘီကို အတွင်းခံနဲ့ပါ လုံးထွေးရောပေါင်း လျှောချလိုက်ပြီး

အိမ်သာ ကမုတ်ပေါ် ဖင်ထိုင်မိသလို

ပြင်းထန်တဲ့ နိမိတ်ပုံများ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အာဏာပိုင် တံဆိပ်ဝိုင်း ထင်းထင်း
မင်းတို့ ပျင်းလဲ ငပျင်းပဲ ရှိမယ်၊ ကမ္ဘာမှာ အပျင်းရောဂါဆိုတာ ရှေးအကျဆုံးရောဂါ
ဝေါကနဲ အရှိန်မြှင့် မောင်းလိုက်တဲ့ အင်ဂျင်စက်သံနဲ့ မရှေးမနှောင်း ကျွီ ဟီ ဟီ ဝုန်း ဒိုင်း လဲပြိုသံ
ခုဆို ကျုပ်က ဘာ မဟုတ်တဲ့ ဘာမှ မဟုတ်တာကို အူလှိုက်သည်းလှိုက် အရသာခံတတ်နေပြီ ပြဇာတ်
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

သူ့အသက် ကိုယ့်အသက် လုရတဲ့အခါ စံပါယ်ပန်းများ မြေမှာ ဖွေးဖွေးလွေ့လွေ့
ပိုင်ဟွေ့အင်္ကျီနဲ့ Ah-Q ကြိမ်ကုလားထိုင်ပေါ်မှာ တရုတ်လက်ရာ ပရိဘောဂတွေ ကြား
ပြက္ခဒိန်အကြောင်း ပြောပြန်ပြီ စဉ့်တီတုံးပေါ် တဒုတ်ဒုတ် ဓါးချက် ဒုတ်ဒုတ် ဒုတ်ဒုတ် ဒုတ်ဒုတ်
ကျစ်ဆံမြီးနဲ့ စက္ကူယပ်တောင် လက်က မချစတမ်း၊ ခုတော့ သူ့လက်ထဲက မာပယ်လ် ရွက်ကြွေ
တဟွတ်ဟွတ် ချောင်းဆိုးတဲ့ကြားက ဘယ်လို ကာရန်နဲ့ ဖွဲ့သီတဲ့ ကဗျာအမျိုးအစားပါလိမ့်
တံမြက်စည်း ဝါးရုံ အကောင်းစား ကြွေလက်ဖက်ရည်ခွက် မီးဟုန်းဟုန်း ဒေါသ
ပက်ပက်စက်စက် ဆဲပစ်လိုက်ဖို့ အားယူရင်း အသက်ကို ရှူသွင်းလိုက်စဉ်
မှိုတက်နေသော ဒိန်ခဲ လှပခြင်း ဒီ မိုးလေဝသအခြေအနေကို ငါ မကြိုက်ဘူး
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

သူ့အသက် ကိုယ့်အသက် လုရတဲ့အခါ စံပါယ်ပန်းများ မြေမှာ ဖွေးဖွေးလွေ့လွေ့
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

ပြင်းထန်တဲ့ နိမိတ်ပုံများ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ အာဏာပိုင် တံဆိပ်ဝိုင်း ထင်းထင်း
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

မင်းတို့ ပျင်းလဲ ငပျင်းပဲ ရှိမယ်၊ ကမ္ဘာမှာ အပျင်းရောဂါဆိုတာ ရှေးအကျဆုံးရောဂါ
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

ကျစ်ဆံမြီးနဲ့ စက္ကူယပ်တောင် လက်က မချစတမ်း ခုတော့ သူ့လက်ထဲက မာပယ်လ် ရွက်ကြွေ
ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ

ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ


ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ ကြောင်လို သတ္တဝါ။ ။

ခင်အောင်အေး
၃၀၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၀၄ နာရီ
သဘောထားအမြင် - ယုံကြည်ခြင်းဆိုတဲ့ သူ့မစင်သူ လှည့်ပတ်ပြီး မြေကြီးနဲ့ ဖုံးဖိဖို့ ကြိုးစားတဲ့ကြောင်လို သတ္တဝါ ခင်အောင်အေး - May 9 2012 01:02 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005