စာခြောက်ရုပ်နဲ့ ကြက်မ မာန်

စာခြောက်ရုပ်နဲ့ ကြက်မ မာန် - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
လုပ်ပြန်ပြီ
ဟို အာချောင် ဒီ အာချောင်နဲ့ 
လေတိုက်မှ လှုပ်တဲ့ စာခြောက်ရုပ်တွေ။ သမိုင်းထဲမှာ ပါဝင်
အစစ်ဖြစ်ခဲ့ပေမင့်
ခု စစ် မစစ် ပြန် စစ်သင့်
ကျားလား၊ ကြောင်လား၊ အရုပ်လား
ကိုယ့်နေရာ ကိုယ် သိသင့်။ ခါတော်မီ ကျူးရင့်သံ
ကြက်မ မာန်ဖီတွန်သလိုပဲ
မိုး မလင်းဘူးဆိုတာ သိ။ ထောက်ခံသလိုလိုနဲ့ 
နောက်က ဓားထောက်သူ
သမိုင်းကွေးမှာ စိုးပြီး
သမိုင်းကို မီးပြင်းဖုတ် ဆန့်သူ
ရွှေတုဟာ ပြောင်ပေမင့်
အရောင် ကြာရှည် မဝင်းနိုင်ဘူး။ ဘာ လုပ်သင့်တယ်၊ ဘာ ဖြစ်သင့်တယ်
ဒီမို သဘောမို့ အော်နိုင်ပါတယ်
ခြင်္သေ့ကိုတော့ ထိပ် မပုတ်မိစေနဲ့။ ကျားမြီး ဆွဲသူ လို၊ ကျွဲဖြဲစီးသူ လို
ရဲရင့်ခြင်းမျိုး ထပ် မလုပ်ကြပါနဲ့၊
တကယ် ချစ်သေးတယ်ဆိုရင်
အသည်းနှလုံးလေးကို ဆေးဖို့ လိုအပ်
မေတ္တာရေစင်တော့ အရင် ရှာရမယ်။ ဘာ လုပ်လိုက်မယ်၊ ဘာ ဖြစ်ရမယ်
ဘယ်သူတွေ ဘယ်နေရာက ပြောနေကြတာလဲ
ကိုဇာဂနာ စကားကို ငှားပြီး မေးလိုက်တာပါ။ “ဘယ် နေရာက ပြောနေကြတာလဲ” ကျော်ဟုန်း
(မေတ္တာအသိဖြင့် သတိပေးခြင်း ပါ။)

သဘောထားအမြင် - စာခြောက်ရုပ်နဲ့ ကြက်မ မာန် - ကျော်ဟုန်း - May 3 2012 03:36 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012