လမ်းဟောင်း လမ်းသစ် ဆက်သွယ်သူ

လမ်းဟောင်း လမ်းသစ် ဆက်သွယ်သူ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
ဆေးစက် မထင်သေးတဲ့ ကားချပ်တွေမှာ
ရာဗင်ဒြာနပ်တဂိုးရဲ့ ခေါင်းလောင်းသံတွေ ငါ ကြားတယ်။ ဆေးစက်စုံ ပိန်းနေတဲ့ ပန်းချီကားတွေထဲ
ဗင်းဆင့် ရင်ခုန်သံ ငါ ကြားတယ်။ မဟာဗန္ဓုလ ဓားသွားထက်က သွေးတွေကို
နိုဗဲလ် စနက်တံ သံဝေဂနဲ့  ငါ - လှိုက်ဖိုဖူးတယ်။ ဟီနိုရှီးမား ဗုံးကြဲခဲ့သူတွေထဲမှာ
အိုင်စတိန်း အသည်းနှလုံး တပ်ထားတဲ့သူ ငါ သိဖူးတယ်။ မြို့ မငြိမ်းပဲဖြစ်ဖြစ်၊ ဗင်သိုဗင်ပဲဖြစ်ဖြစ်
အလိုက်ပေးပြီး အသည်းနှလုံးချင်း ငါ - လဲရဲတယ်။ ငါလေ -
အပြာရောင်ချင်းတူပေမယ့်
ကောင်ကင်၊ မိုးသား၊ တောင်တန်း၊ သမုဒ်ပြင်
နရီအစိတ်အကျဲတွေ အားလုံး ပုံထွေး
မျဉ်းကြောင်းတွေကို
ကွေးကြည့်လိုက်၊ ထောင်ကြည့်လိုက်
ဆက်ကြည့်လိုက်၊ ထောက်ကြည့်လိုက်နဲ့ 
သင်္ချာတွေ ဘာ့ကြောင့်တွက်ရတာကို
ကိန်းသေအဖြေ မရသေးနိုင်လဲ ငါ - တွက်ခဲ့ဖူးတယ်။ ရင်ခုန်သံတွေကို အစာကျွေးဖို့ နဲ့ အော့အန်ပစ်ဖို့ 
ဘိုးဘေးတော် သခင်မှိုင်းရေ -
ဒွေးချိုး၊ လေးချိုးတွေ မဖွဲ့တတ်သေးလို့ 
အဆီမဲ့ နိုရည်လေးသောက်ရင်း
ကာရံမဲ့များနဲ့  ပျော်ပါးခွင့် ပေးပါ။ ငါ ခွင့်တောင်းပြီးပြီ
မြေခွေးတွေနဲ့ ရော ’က’ ရင်း
ညကို မီးထွန်းစို့ ။ ။ ကျော်ဟုန်း

ခံစားချက် - လမ်းဟောင်း လမ်းသစ် ဆက်သွယ်သူ ကျော်ဟုန်း - Apr 26 2012 10:50 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012