Top Advertisement
သတိနှင့် သစ္စာဆိုကြသူ

သတိနှင့် သစ္စာဆိုကြသူ - သူ့ နန္ဒ (သရုပ်ဖော် - မြင့်လှိုင်)

ဂတိသစ္စာကို
မကြာမကြာ ဆို
ကိုယ် လုပ်ချင်တာကို လုပ်
ပြဿနာ ထုပ်
သူများခေါင်းပေါ် ပုံချ
လူ့ ဗာလတို့ အတွက်ကတော့
သစ္စာစကား
ဝါကျသွားတွေဟာ
ဘာမှ အရေးမကြီးလှ
ပေါ့တန်တန် သဘောထားကြလို့ 
သစ္စာဆိုတဲ့ အရာကို
လွယ်ကူစွာ မျက်စိ မှိတ်
ကိုယ့်အတ္တစိတ် ကို
ခေတ္တ မျိုသိပ်ကာ
ဟန်ပါပါ မျက်နှာပေးတွေနဲ့ 
ဟစ်ကြွေး ဆိုပစ်လိမ့်မယ်။

တသက်မှာ တခါသာ
မင်းအတွက်သာပါဘဲ လို့ 
သစ္စာတရား မြဲသူ
ဘုရားလောင်းလို လူတို့ မှာတော့
ပေးလိုက်မည့် သစ္စာဂတိ
လုပ်နိုင်၏ မလုပ်နိုင်၏
အသိနဲ့ စဉ်းစား
အကောင်းဆုံးထား ဆုံးဖြတ်
အဖန်ဖန် သုံးသပ်ပြီးမှ
ဂတိကို အသက်နဲ့ ထပ်ပြီး
ပေးလိုက်သည်ချည်းသာ ပ။
ခံစားချက် - သတိနှင့် သစ္စာဆိုကြသူ သူ့နန္ဒ - Apr 24 2012 09:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005