Top Advertisement
ကြက်ဥအရောင် တိမ်တောင်သဖွယ်
Support Suu (Ye Yint Thet Zwe) Myit Hlaing

ကြက်ဥအရောင် တိမ်တောင်သဖွယ် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

ထူထဲတဲ့ မျက်မှန်အောက်က
ရီဝေတဲ့ မျက်ဝန်းအစုံဟာ
မရေရာ မသေချာတဲ့ အနာဂတ်ကို
သေချုာလိုစိတ်နဲ့ 
ငေးမျှော်ကြည့်နေချိန်မှာ
သူ့ ရဲ့ နှလုံးသားက
သူ့ရဲ့ လက်ဖ၀ါးအပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတော့တယ်။

ငါ့လက်အပေါ်မှာ အသက်ပျောက်ခဲ့ရတဲ့
သူငယ်ချင်းများ
ငါ့ ရှေ့မှောက်မှာ ဒဏ်ရာဗလပွနဲ့ မငိုက်သော ဦးခေါင်း
ရွှေဝါရောင်များ
ငါ့ ရှေ့မှောက်မှာ ယုံကြည်ချက်ကို ဘ၀နဲ့ ရင်း နရသိန်အတွင်း
ရင်ကော့ ၀င်ရောက်သွားသူများ
သင်တို့ အားလုံးရဲ့ စွန့် လွှတ်ပေးဆပ်မှုဟာ
နိပါတ်တော်တွေထဲက ဘုရားလောင်းတွေရဲ့
စွန့် ကြီးခြင်းမျိုးထက် နိမ့်ကျမှု မရှိကြောင်း
ငါတို့  ကောင်းကောင်းသိကြတယ်။

ငါတို့ …
ဘယ်ကလောက်များ ရှက်စရာ ကောင်းလိုက်သလဲ
စကားလုံးတွေနဲ့ သာ နှစ်သိမ့်နိုင်ခဲ့ကြလို့ 
သင်တို့  ခွင့်မလွှတ်ကြပါနဲ့ ။

ရန်သူကို နာကျည်းမုန်းတီးစိတ်ဟာ
တိုင်းပြည်အကျိုးနဲ့ ယှဉ်လာတဲ့အခါ
ငါတို့ ရဲ့ ပုဂ္ဂလိက ခံစားချက်များ
ခေတ္တ ခဏ ချထားခဲ့ပါ
အမေစုကို ၀န်းရံအားပေး
ပြည်သူနဲ့ တသားတည်း ရပ်တည်ပေးရမှာ ။

တကယ်တော့  သူ့ ရဲ့ လက်ဖ၀ါးပေါ်မှာ
တဆတ်ဆတ် တုန်ခါနေတာ
သူ့ နှလုံးသား မဟုတ်ဘူး
စွန့် လွှတ်ပေးဆပ်သူများရဲ့
နှလုံးသားသာ ဖြစ်နေတော့တယ်။

ရဲရင့်သက်ဇွဲ
၂၃၁၁၂၀၁၁။မနက် ၆း၀၆

(အလိုတူခြင်း မတူခြင်းတွေကို ရပ်ခံပြီး ငြင်းမနေတော့ပါဘူး။
ကိုယ် ဘာလုပ်ရမယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြဖို့ ပါပဲ။)
သဘောထားအမြင် - ကြက်ဥအရောင် တိမ်တောင်သဖွယ် ရဲရင့်သက်ဇွဲ ကဗျာ - Feb 15 2012 08:21 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005