Top Advertisement
ငါ့လမ်း

ငါ့လမ်း - မင်းကြည်ညို (သရုပ်ဖော် - မြင့်လှိုင်)

မင်းရဲ့အမုန်း
ဘယ် မဆုံးလဲ
အပြုံးမျက်နှာ
ပြုံးလျှက်သာတည့်
ကြင်နာ ဆပွား
မာန် မထားနှင့်
ငါကား အသက် ဆက်မည်တည်း။

ငါ့လက်ကို ဖြုတ်
ငါ့ကို ပုတ်လှဲ
ဖြုတ်လက်အစား
ခက်ခဲများနှင့်
အားငယ် ယိုင်ယမ်း
တလျှောက်လမ်းက
ငဲ့လှမ်းလင့်သူ
သတ္တဝါဟူသမျှ
ဖေးကူ မျှတ
လူ့ဘဝကို
လှပ များကျိုး
ငါ သယ်ပိုးမည်
ငါ့အိုး ငါ့အိမ်
စည်းစိမ် ဥစ္စာ
များစွာ မရှိ
ဆင်းရဲဘိလည်း
ဓမ္မိယ လဒ္ဓ
ဝေနေယျသို့
ပေးငှ စွန့်ကြဲ
သဒ္ဓါမြဲအောင်
ဥာဏ်ရဲကို တောက်
သံသရာအောက်မှ
လွတ်မြောက်စေရန်
လုံ့လသန်မည်
လူမှန်စင်စစ်
အနေဖြစ်ခိုက်
အညစ် မပွား
မာန် မထားနှင့်
ငါကား အသက် ဆက်မည်တည်း။

မင်းကြည်ညို
၂၀၊ ၄၊ ၂၀၁၂။ သောကြာနေ့ည ၁၁း၀၄ နာရီ
ခံစားချက် - ငါ့လမ်း မင်းကြည်ညို - Apr 21 2012 03:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005