Top Advertisement
ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ

ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

မင်း လမ်းလျှောက်တဲ့အခါ
ညှင်သာစွာ ခြေလှမ်း ဖြေးဖြေးလေး လှမ်းလှည့်ပါ ။
မင်း စကားပြောတဲ့အခါ
တိုးတိုးဖွဖွ ရယ်သံလွှလွှ
ဖူးငုံသစ်စ နှုတ်ခမ်းပါးလျ
လက်ဝါးလေးနဲ့ ကာ ပြောစမ်းပါ ။

ဟိုမှာတွေ့လား
ကွန်ကရစ် အတုံးအပုံတွေကြားမှာ
မြစ်ဆုံလေ
ဧရာဝတီအတွက် အသက်ပေး ကာကွယ်ကြ တဲ့။

မင်းမျက်ဝန်းတွေထဲက
ကြေက်ရွံ့စိုးရိမ်စိတ်တွေကို
မြစ်ဆုံ မရိပ်မိစေနဲ့ 
ဧရာဝတီပေါ်ကို မကျမိစေနဲ့ 
ကိုယ့်လက်ကို မြဲမြဲ ကိုင်တွယ်
တရားတဖက် ဓါးတလက်နဲ့ 
သမိုင်းပေးတာဝန်တွေ ပါကွဲ့။

အချစ်ရေ -
အရွယ်တွေ အရုပ်တွေ အရောင်တွေ ယုံကြည်ရာတွေ
ခေတ္တ ခဏ မေ့ထား
ဟော့ဒီ မြေပေါ်မှာ မွေးဖွားကြီးပြင်းသူ ဘယ်သူပဲဖြစ်ဖြစ်
ဟော့ဒီ မြေပေါ်မှာ နှစ်ကာလ ရှည်လျား လာရောက် အခြေချသူများ
ဟော့ဒီ ရေ မြေ လေ ဒို့ရဲ့ သစ္စာတရားကို စောင့်သိသူများ
ဟော့ဒီ နိုင်ငံရဲ့ အနာဂတ်သစ်ကို ဒိုးတူဘောင်ဖက် တည်ထောင်လိုသူများ
မြစ်ဆုံအရေး ဧရာဝတီအရေးမှာ လက်နှေးမနေကြနဲ့ -
အဖိုးမှိုင်းသာ သက်ရှိထင်ရှား ရှိနေသေးရင် -
(……………………….. ဓါးမသွေးလောက်ပီမို့လို့များ စာချိုး)
တိုက်ပွဲထဲ ရဲရဲ တိုးသွားမှာ အသေအချာ ပဲ။

အချစ်ရေ -
ရင်ကို ဖွင့်ကြည့်စမ်း ဘာတွေ တွေ့နိုင်မလဲ။

ရဲရင့်သက်ဇွဲ
၂၀၀၄၂၀၁၂

(မှတ်ချက်။ ”ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ” နဲ့ ” ရင်ကို ဖွင့်ကြည့်စမ်း ဘာတွေ တွေ့နိုင်မလဲ” ဆိုတဲ့ စကားလုံးများဟာ ကျော်ဟိန်းရဲ့ အဓိပ္ပါယ်ရှိသော လူ သီချင်းခွေထဲက သီချင်းနှစ်ပုဒ်တွင် ပါဝင်တဲ့ တေးစာသားများ ဖြစ်ပါတယ်။)
ခံစားချက် - ဒီမှာကြည့်စမ်း အသဲနှလုံးတွေ မီးခဲလိုပဲ ရဲရင့်သက်ဇွဲ - Apr 21 2012 03:10 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005