Top Advertisement
(၁၃၇၄) နှစ်သစ်စကား

(၁၃၇၄) နှစ်သစ်စကား - ဦးနန္ဒ၀ံသ (သရုပ်ဖော် - မြင့်လှိုင်)

ဆွေတို့ ရေ
နှစ်သစ် ရောက်ပြီလေ။
လွန်မြောက်လာတဲ့ နှစ်ဟောင်းက
ညစ်ထေးစရာ့ အရာများကို
ရင်မှာလေ ထွေးပိုက်
နာကျင်တဲ့ ဝေဒနာတွေ
ဆက် ခံစား မနေလိုက်နဲ့ တော့။

လှပတဲ့ ဒီကမ္ဘာ
ခဏသာ အတူနေရ
ပုထုဇဉ် သဘာဝ
မှားခဲ့တဲ့ အရာတွေ
ဒို့ မှာလေ ရှိရင်တောင်
ပြီးတာတွေ ပြီးစေတော့ လို့ 
ဆွေ့ တို့ စိတ်မှာ သဘောပိုက်
ခွင့်လွှတ်သာ မေ့လိုက်နော်။

အချိန်တွေ ကုန်တယ်ကွာ
ငေးမှိုင်ကာ မတွေဝေနဲ့ 
ပျော်ပျော်သာ နေလိုက်
ဓမ္မကို ရင်ဝယ် ပိုက်လို့ ။

ရွှေတို့ ရဲ့ မြန်မာ
နှစ်သစ်ချိန်ခါလဲ စပြီိမို့ 
အမှားတွေ နောင်တ ရ
ဘဝသံသရာ လှစေဖို့ 
ကောင်းကျိုးဖြစ်မဲ့ အရာတွေကို
ခုက စ လုပ်ကြစို့ လေ။
သဘောထားအမြင် - (၁၃၇၄) နှစ်သစ်စကား ဦးနန္ဒဝံသ (NC, USA) - Apr 18 2012 02:32 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ဦးနန္ဒ၀ံသ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005