Top Advertisement
အမတ သင်္ကြန်

အမတ သင်္ကြန် - အရှင်ဧသက (မြတ်ပဋ္ဌာန်း) (သရုပ်ဖော် - မြင့်လှိုင်)

သင်္ကြန်ဆိုတာ
တနင်္ဂနွေ ဂြိုဟ်မင်း
ခရီးပြင်း နှင်ခဲ့တာ
ဆယ့်နှစ်ရာသီ ပြည့်လို့
“မိဿ” သို့ ရောက်တာကို
သင်္ကြန်အခါ ဆိုပြီး
တကတည်း ပျော်လိုက်ကြတာ သူ့ထက်ငါ လွန်လွန်း။

ဒို့တတွေလဲ
ဘ၀ ရာသီစက်ထဲမှာ
ကျင်လည် လာခဲ့တာ
ဆယ့်နှစ်ရာသီမက များခဲ့လှပြီ ဘ၀ရာသီစက်ဝန်း ပြည့်လို့
“မရဏ” ရာသီတွင်း ရောက်တဲ့အခါ
ဘ၀သင်္ကြန် ကျပြီ ပေါ့
ဒီသင်္ကြန်မှာတော့ ငိုလိုက်ကြတာ သူ့ထက်ငါ လွန်လွန်း။

ဒီလိုနည်းနဲ့
တဘ၀ပြီး တဘ၀ သင်္ကြန်တွေ ကျပြီး
အဆုံးမရှိတဲ့ သင်္ကြန်ပွဲတွေမှာ
ပျော်တခါ ငိုတလှဲ့ နွှဲခဲ့ရတာတွေ
အသင်္ချေမက များခဲ့လှပြီ
သံသရာ - ရာသီဆုံးလို့
“နိဗ္ဗာန”ရာသီသို့ ဆိုက်ပြီဆိုလျှင်
သူတော်စင်တို့ပျော်ရာ မဟာသင်္ကြန်ကြီး ကျပြီပေါ့။
ဒီသင်္ကြန်ပွဲကိုတော့ မလျှော့သောဇွဲနဲ့
သူ့ထက်ငါ အရင်နွှဲနိုင်အောင် ကြိုးစားလိုက် မင်း - - ။
သဘောထားအမြင် - အမတ သင်္ကြန် အရှင်ဧသက (မြတ်ပဋ္ဌာန်း) - Apr 17 2012 02:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005