Top Advertisement
သိသလိုလို မသိသလိုလို
Love (Ye Yint Thet Zwe) Myint  Hlaing

သိသလိုလို မသိသလိုလို - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

တကယ် ချစ်ခဲ့တာလား
မချစ်ခဲ့ဘူးလား
ဘုရားသခင် သိစရာ မလို
မင်းတယောက်ထဲသိဘို့ လိုတယ် ။။။

သစ္စာတရား ဆိုတာကို
တကယ် ယုံကြည်ခဲ့ကြတာလား
မယုံကြည်ခဲ့ကြဘူးလား
ဘုရားသခင် သိစရာ မလို
မင်းတယောက်ထဲ သိဘို့ လိုတယ် ။။။

မွေးရာပါ ၀ဠ်နာကံနာတခုလို
ချစ်ခြင်းတရား ငါ့ကို ဆွဲကပ်
ကျေနပ်တယ်
မင်းရဲ့ရှေ့မှောက် ဒူးထောက် ခ,စား
နှလုံးသားနဲ့  ဦးဏှောက် အားပြိုင် လွန်ဆွဲ
သီတာဒေ၀ီကို ရယူမယ့် လေးတင်ပွဲအလား
မင်းရဲ့ အဆုံးအဖြတ်မှာ ဘ၀ကို ပုံအပ်မယ့်သူ ပါ ။။။

ကမ္ဘာမြေအနှံ့ 
စိမ်းလန်းသော ငြိမ်းချမ်းသော
မေတ္တာတရား လွှမ်းခြုံ
ငါ့ကိုယ်ငါထက် မင်းကို ယုံခဲ့ပုံများ
ကမ္ဘာကုန်ကျယ်သရွေ့
ငါ နောက်ကျခဲ့ပုံတွေ ပြဇာတ်ဆန်လှချည့်ရဲ့ ။။။။။
ခံစားချက် - သိသလိုလို မသိသလိုလို ရဲရင့်သက်ဇွဲ ကဗျာ - Feb 15 2012 08:11 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005