Top Advertisement
နွဲ့ချင်ဦးမလား

နွဲ့ချင်ဦးမလား - မင်းကြည်ညို (သရုပ်ဖော် - မြင့်လှိုင်)

လှေကလေးရယ် ငယ်
ရေပြင်ကျယ် ဒီလမ်း
မာယာကြွယ် ကိုရွှေလှိုင်းနဲ့
ယှဉ်နှိုင်းကာ လှမ်း။

ငှက်ကလေးရယ် ငယ်
လေပြင်ဝယ် ပျံသန်း
လေကြမ်းနီကို မုန်တိုင်းကို
ယှဉ်နှိုင်းကာ သန်း။

"သမုဒယ ပင်လယ်
ရေပြင်ကျယ် အလား"
"လူ့လောက ပင်လယ်
ဝေဟင်နှယ် အလား"
ရေလှိုင်း တပေပေနဲ့
လေကြမ်းတွေ ဆွေဖွဲ့ထားသမို့
ယှဉ်နှိုင်းပါ မာန်နဲ့အားကို
နွဲ့ချင်ဦးမလား။ ။

မင်းကြည်ညို

၉ - ၄ - ၂၀၁၂ တနင်္လာ
ည ၁၁း၄၃ နာရီ။
ခံစားချက် - နွဲ့ချင်ဦးမလား မင်းကြည်ညို - Apr 13 2012 03:42 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005