Top Advertisement
အောက်ဆီဂျင်ကောင်းကင်

အောက်ဆီဂျင်ကောင်းကင် - မြေချစ်သူ (သရုပ်ဖော် - မြင့်လှိုင်)

၁။

ဖြစ်ပျက်မှုအစဉ်ကြားမှာ
ခင်ဗျား
ဘာ ရုပ်ရှင်ကား ကြည့်နေသလဲ။

အီလက်ထရောနစ် တစ
ဘ၀ရဲ့ပြကွက် တခု
လူမှုဗေဒ ရောင်စုံ
ရင်ခုန်သံ ဆေးသား
ရထားတစီး ခုတ်မောင်းသွားဆဲ ပေါ့။

၂။

သေချာမှု တခု
ကုသိုလ်ကံ မှန်သား
ရွေးချယ်မှုများကြား
ဘာများ နမ်းရှုံ့ဦးမှာလဲ။
“နားလည်မှုကို စောင့်စား
ဒီထက် ကြီးမားတဲ့ အမှား
ဘာများကော ရှိအုန်းမှာလဲ ကွယ်”
ချစ်ဖို့ကောင်းသူရဲ့
(တ၀က် ချစ်ခဲ့သူရဲ့) အဲသလို
ဖြူစင်မှု နာရီသံများ
အလျားလိုက် ပွင့်ဝေနေဆဲ
တချို့လည်း ရွှန်းစို ရင့်မှည့်ပြီးပြီ။

၃။

မြို့ပြရဲ့မြစ်ထဲမှာ စိမ်
လူ့ဘ၀ အလေးချိန်မဲ့
သင့်ရဲ့အိမ်မှာ ချိုမြိန်ပါရဲ့လား။

၎။

ဘာပဲဖြစ်စေ
တွေဝေမဲ့ ကင်း
ပြတင်းတံခါးကို နှင်းများနှင့် ဖွင့်ပါ။

သင်နဲ့အတူ မောင်းနှင်
အောက်ဆီဂျင် လောကဓါတ်လွင်ပြင်ရဲ့
မြင့်မြတ်မှု တာဝေးသစ်မှာ
နွေးထွေးသော ကောင်းကင်တခု
ယခုပင် ဖြစ်ထွန်းခဲ့တော့၏။ ။

မြေချစ်သူ
၁၇၊ ၁၀၊ ၁၉၈၇

မြန်မာသစ် ရသစုံမဂ္ဂဇင်း အမှတ်(၂၃) ဇွန်လ၊ ၂၀၁၁
ခံစားချက် - အောက်ဆီဂျင်ကောင်းကင် မြေချစ်သူ - Apr 13 2012 03:34 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005