Top Advertisement
သင်္ကြန်မှာ ပွင့်တဲ့ပန်း

သင်္ကြန်မှာ ပွင့်တဲ့ပန်း - အရှင်ဧသက (မြတ်ပဋ္ဌာန်း) (သရုပ်ဖော် - မြင့်လှိုင်)

သင်္ကြန်ရောက်ရင် -
သက်တမ်းတနှစ် ပြည့်လို့
သေဖို့ခရီး တနှစ်နီးပြီ နော်။

သင်္ကြန်ရောက်ရင် -
နှစ်ဟောင်း အညစ်အကြေး
ရေအေးနဲ့ ဆေးမည့်အစား
တရားရေအေးနဲ့
ကိလေသာ အညစ်အကြေးတွေ
ပြောင်စင်အောင် ဆေးစို့နော်။

သင်္ကြန်ရောက်ရင် -
သက်တမ်း တနှစ်ပျောက်ပေမဲ့
မသေရာ ရောက်အောင်
ပိတောက်ပန်း ပန်မည့်အစား
မသေတဲ့ “အမတ” ပန်းကို ပန်စို့နော်။

အရှင်ဧသက (မြတ်ပဋ္ဌာန်း)
သဘောထားအမြင် - သင်္ကြန်မှာ ပွင့်တဲ့ပန်း အရှင်ဧသက (မြတ်ပဋ္ဌာန်း) - Apr 12 2012 06:34 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005