Top Advertisement
ထွေရာလေးပါး ရင်ဖွင့်လျှောက်ထားခြင်း (၂၀၁၂ - ဧပြီလ)

ထွေရာလေးပါး ရင်ဖွင့်လျှောက်ထားခြင်း (၂၀၁၂ - ဧပြီလ) - သူ့နန္ဒ (သရုပ်ဖော် - မြင့်လှိုင်)

မြတ်စွာဘုရား
တပည့်တော်ရဲ့ ဒကာတွေမှာလဲ
အကြိုက်တွေ အမျိုးမျိုး ကွဲနေလို့ 
စိတ်ထဲ ရှိတာတွေကို
ပြောချင်လဲ မပြောရဲ ပါ။

မဂ်ဖိုလ်နဲ့  ဖီလာဖြစ်တဲ့စကားတွေကို
မလျှောက်ကြားလေနဲ့ လို့ 
တပည့်ကို မမိန့် လိုက်ပါနဲ့ 
ကိလေသာ ကင်းစင်လှတဲ့ အရှင်မှတပါး
ရင်ဖွင့်ရမည့်သူ မရှိပါဘုရား။

အရှင်ဘုရား သာသနာတော်ကြီး တည်တဲ့
မြန်မာပြည်မှာ
ဗုဒ္ဓဘာသာနာမည် ခံထားတဲ့
ငမိုက်သား နိုင်ငံခေါင်းဆောင်တွေ
ရွေးကောက်ပွဲ မဲရလေမလားဆိုပြီး
ဧရာဝတီ မြစ်ဆုံဆည်ကြီး တည်ဆောက်နေတဲ့ကိစ္စ
ပြည်သူတို့  သဘောမကျလို့ 
ခေတ္တရပ်လိုက်စို့ ဆိုပြီး
မကြာခင်က တရုတ်နဲ့  ညှိခဲ့ပါသည် ဘုရား။

ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ
အရှက်ကွဲလောက်အောင် ရှုံးကြတော့
ပြည်သူ့ အပေါ် ရန်ငြိုးပွား
ရပ်ထားတဲ့ မြစ်ဆုံကိစ္စကို
ပြန်စဖို့ လုပ်နေပြီတဲ့ ဘုရား။

ဧရာဝတီမြစ်ဆုံကိစ္စ တရုတ်နဲ့ ဆက်လုပ်လို့ ကတော့
မြန်မာပြည်သူတွေရဲ့ ဘဝ
ဦးနှောက်ကို အဖောက်ခံရတဲ့လူလို
သွက်ချာပါဒ ဖမ်းရုံသာမကဘဲ
မူးမေ့ကာ လဲသွားကြပြီး
ပြန်လို့ တောင် နလန်ထမှာ
မဟုတ်တော့ပါဘုရား။

အရင်က လျှောက်ထားတဲ့ အတိုင်းပါဘဲ။

ဘာသာမဲ့ ကွန်မြူနစ်တရုတ်တို့ ကတော့
စီးပွားရေး အမြတ်သာရမယ်များ ဆိုရင်
ဧရာဝတီလို မြစ် မပြောနဲ့ 
နိဗ္ဗာန်ကို စံဝင်ကြွသွားတဲ့ အရှင်ဘုရားရဲ့ ပုံတော်ကို
စက်ရုံပင် ဆောက်လို့ ထုတ်
အရုပ်လို ပို့ ကုန်လုပ်ကာ
သူများနိုင်ငံတွေဆီက
အမြတ်ထုတ် ရောင်းစားနေကြပါသည် ဘုရား။

ကြုံတုန်းမို့  လျှောက်ပါရစေ။

တပည့်တော် တရုတ်ပြည်ရောက်တော့
ရှေးကြတဲ့ အရှင့်ရုပ်ထု
ယေဘုယျ အများစုကို
ကိုးကွယ်မှုလဲ မပေးကြ
မော်စီတုံးပုံတွေလောက် ဂါရဝတရား မရဘဲ
နိုင်ငံပိုင် အတင်းလုပ်ထားကာ
ပြစားပြီး ငွေရှာနေကြသည့်
စိတ်ထဲမှာ မနှစ်မြို့စရာ
ရုပ်ဝါဒီ တရုတ်ပြည်အစိုးရ ဖြစ်ပါသည်ဘုရား။

အစွန်းရောက်တဲ့ စကားတွေဆိုရင်
ခွင့်လွှတ်ကာ သည်းခံပြီး နားဆင်တော်မူပါ။

ဘာသာမဲ့ တရုပ်ကွန်မြူနစ်ရဲ့ သား
ရုရှားက ဆိုရှယ်လစ်ဝါဒီများ တပည့်
မျိုးချစ်စိတ်မရှိတဲ့ လူမိုက်ခေါင်းဆောင်တွေ
အုပ်ချုပ်နေသည့် မြန်မာပြည်မှာ
လူတန်းစား ညီမျှအောင် လုပ်မပေးတော့
စားဝတ်နေရေး အခက်အခဲတွေကြောင့်
သားသမီးဦးရေ လျှော့သူက လျှော့နဲ့ 
မိရိုးဖလာ ဗုဒ္ဓဘာသာတွေ
ရာခိုင်နှုန်းအနေနဲ့ အတော် ထိုးကျ
ရေရှည်မှာ အရှင့်သာသနာတည်ဖို့ တောင်မှ
မြန်မာပြည်မှာ မလွယ်လှပါဘုရား။

ဗုဒ္ဓဘာသာဝင်အများ ချမ်းသာသူ နည်းပါးလာလို့ 
ကလေးမွေးဖွားနှုန်း လျှော့ကျသွားရင်
မဲများသူ ဗိုလ်ဖြစ်မည့် ဒီမိုကရေစီခေတ်မှာ
ငတုံးတွေ ရေးထားးတဲ့ အခြေခံဥပဒေကလဲ
ရဟန်းတွေ မဲမပေးရဆိုတော့
ရဟန်းမဲ ၅ သိန်းလောက် လျှော့နေတဲ့
နိုင်ငံရဲ့ လွှတ်တော်ကြီးထဲမှာ
ဗုဒ္ဓဘာသာဝင် အမတ်တောင်
နောင်ကြရင် ရှာရဖို့  မလွယ်ပါ ဘုရား။

သတိထားကြလို့  မြတ်ဘုရား မိန့် နေတဲ့ကြားက
အရှင်သား အရင်းအချာအချို့ ဟာ
ပြည်သူ့ မျက်နှာကို မထောက်ထား
နိုင်ငံခေါင်းဆောင် လူမိုက်များနဲ့ 
ဘက်လိုက်ကာ ပေါင်းစားသူက စား
အချင်းချင်း ညီညွတ်မှု နည်းပါးတော့
ကိုယ့်ဘာသာတရား အကာအကွယ်မဲ့ပြီး
သူတို့ ရဲ့ အမျိုးဒကာမလေးတွေထဲထိတောင်
မိစ္ဆာကောင်တွေ ဝင်ရောက်ကာ
သိမ်းပိုက်နေပါပြီ ဘုရား။

ဘာသာကိုင်းရှိုင်းဟန်ပြနေတဲ့ အာဏာရူးတွေနဲ့ 
မျိုးဖောက်ကာ ဒီမိုကရေစီအာဏာ လုယူပြီး
ကမ္ဘာကြီးကို လွှမ်းမိုးလိုသူတို့ 
လွှတ်တော်မှာ ကြီးစိုးကြပြီဆိုရင်
သူ့ အလိုလိုပင် ဗုဒ္ဓဘာသာပျောက်ရမှာမို့ 
ငြိမ်းချမ်းစွာ မဇ္ဈိမလမ်းကို ကျင့်သုံးလျှောက်နေကြတဲ့
အရှင့်သားတော်တွေ အနာဂတ်အတွက်
တပည့်တော် အစဉ်တွေးပြီး
အမှန်ပင် ရင်လေးမိပါသည် ဘုရား။
ခံစားချက် - ထွေရာလေးပါး ရင်ဖွင့်လျှောက်ထားခြင်း (၂၀၁၂ - ဧပြီလ) သူ့နန္ဒ - Apr 12 2012 06:19 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005