Top Advertisement
တသက်တာ အတွေ့များ

တသက်တာ အတွေ့များ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)

ရေးနေရင်းနဲ့  သံစဉ်ပျောက်တဲ့ သီချင်း
ကြုံဖူးတယ်။

ဖွဲ့ နွဲ့ ရင်းနဲ့  ကာရံပျောက်တဲ့ ကဗျာ
ဆုံဖူးတယ်။

ချစ်နေရင်းနဲ့ ပိုချစ်သွားတဲ့ အသည်း
တုန်ဖူးတယ်။

ချစ်နေရင်းနဲ့ ချော်ထွက်သွားတဲ့ အဖော်
ငိုဖူးတယ်။

မုန်းနေရင်းနဲ့ ပြန်ချစ်သွားတဲ့သူ
ရှိဖူးတယ်။

ရှာဖွေရင်းနဲ့  လျှောက်သွားခဲ့တဲ့လမ်း
ပျောက်ဖူးတယ်။

ပျောက်နေရင်းနဲ့  ရော်ရမ်းခဲ့တဲ့လမ်း
ပြန်တွေ့ တယ်။

တရားသေ ဆုပ်ကိုင်ခွင့်မရှိတဲ့ လောကဖြစ်စဉ်
ပေါင်းနုတ်မြှောက်စားတွေ အသုံးဝင်လှပေါ့။

အသိနဲ့ ချိန်ထိုးလွှာရင်း ရှေ့ သာ ဆက်ခဲ့
ရပ်တန့် ရင်းသာ မတွေဝေပါနဲ့ ၊
ရင်နင့်အမျှ ခံစားရတာတွေအတွက်
နားလည်ပေးကြရင်း ၊ မျှဝေ ပေးယူရင်း ဖြေ
တသက်တာတော့ ကြုံနေမယ်။ ။

ကျော်ဟုန်း
ခံစားချက် - တသက်တာ အတွေ့များ ကျော်ဟုန်း - Apr 8 2012 11:00 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005