Top Advertisement
သံသာလေ ကမ်းတိုင်ဆိုတာ ပြိုင်တူ ကူးနိုင်မှ
Unity is Strength (Ye Yint Thet Zwe) Myint Hlaing

သံသာလေ ကမ်းတိုင်ဆိုတာ ပြိုင်တူ ကူးနိုင်မှ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

လက်ညှိုးများ
ဟော့ တချောင်း နှစ်ချောင်း
သုံးလေးချောင်းတောင် မကဘူး
ထုနဲ့ ထည်နဲ့ 
ဝိုင်းဝန်းထိုးနှက် ကဲ့ ရဲ့ ရှုံ့ချ
လှောင်ပြောင်သရော် အမေစုရဲ့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ ယုံကြည်ရပ်တည်မှု အပေါ် ….။

ပြည်တွင်း ပြည်ပ အုပ်စုဖွဲ့ ကြ
ချောင်းမြာင်း တိုက်ခိုက် ဂိုဏ်းစတားများ စရိုက်
နိုင်ငံရေး အရှိုက်ကို ထိုးနှက်ကြ
ယိုသူ မရှက် မြင်သူ ရှက်ရ
ဟီရိသြတ္တပ္ပတရား
ခေတ်မစားတော့တာ အသေအခြာ …။

ရိုင်းစိုင်းတဲ့ တုံ့ ပြန်မှုများ
မှောက်မှားတဲ့ တွေးခေါ်မှုများ
အမှောင်ကို ခွင်းဘို့ ကြိုးစားကြတာပါပဲ
ကိုယ်တိုင်က အလင်းပျောက်နေမှတော့
အနားက နဂါးတအုပ်နဲ့ ကျားတအုပ်ရဲ့ အစာ
အယူတိမ်းလို့  နတ်စိမ်းဖြစ်သွားကြမှာ …။

အကျပ်အတည်းများ အကြား
ဒီလိုပဲ ရပ်နေကြတော့မှာလား
ဒီလိုပဲ ပြစ်တင် ပျက်ရယ်ပြုနေကြတော့မှာလား
အမှားနဲ့ အမှန် ခွဲခြား
မှန်တယ်ထင်ရင် ပုခုံးနဲ့ ထမ်းတင်လိုက်ကြ
သေချာတာ တခု ရှိတယ်
သံသာလေ ကမ်းတိုင်ဆိုတာ ပြိုင်တူ ကူးနိုင်မှ …။

ရဲရင့်သက်ဇွဲ
၂၉၁၁၂၀၁၁ မနက် ၂း၂၇
သဘောထားအမြင် - သံသာလေ ကမ်းတိုင်ဆိုတာ ပြိုင်တူ ကူးနိုင်မှ ရဲရင့်သက်ဇွဲ ကဗျာ - Feb 15 2012 08:12 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005