Top Advertisement
သင်ဟာ သမိုင်းကြောင်းကောင်းဖို့  တခုခု လုပ်ခဲ့သလား

သင်ဟာ သမိုင်းကြောင်းကောင်းဖို့  တခုခု လုပ်ခဲ့သလား - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

သံလွင် စစ်တောင်း ညာလက်မောင်း ဟေ့
စစ်မောင်းသံချီ ဒုဌ၀တီ
……………………………………
……………………………………
ပြည်သူ့ ရဲ့ သွေး ပြည်သူ့ ရဲ့ သွေး ပြည်သူ့ ရဲ့ သွေး
ပြည်သူ့ ရဲ့ သွေး ဧရာဝတီ။

ငါ - ကြားတယ် ဧရာဝတီ

တိမ်တိုက်တွေရဲ့ အဆုံး ….
………………………………………
…………………………………………
မဟာသဘာဝရှင် ဧရာဝတီ
ဧရာဝတီ ဧရာဝတီ -

ငါ - ကြားတယ် ဧရာဝတီ

ရာဇ၀င်များရဲ့ သတို့သမီး -
…………………………………….
………………………………………
တောက်ပခဲ့တဲ့ နေ့ရက်များ
ငါ တို့ ရဲ့ မိခင် ဧရာဝတီ

ငါ - ကြားတယ် ဧရာဝတီ

မြစ်ဆုံကို အချစ်တွေ ပုံနေတုန်း
နရီမပီ စည်းမညီတဲ့ တိုးတိတ်သဲ့သံ
အို - ဧရာဝတီရဲ့ နာကျည်းမှုနဲ့  ငိုရှိုက်သံ။

ကဲ - ဧရာဝတီကို သစ္စာခံဘို့ 

ဧရာဝတီကို ချစ်မြတ်နိုးဘို့ 
မြစ်ဆုံကို အပျိုရည် မပျက်ဘို့ 
ငါတို့ တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေကို
ကာကွယ်ဘို့  ခေတ်ရဲ့ တောင်းဆိုမှုထဲ
ရဲရဲကြီး ခုန်ချကြစို့ ကွဲ့။

သင်ဟာ သမိုင်းကြောင်း ကောင်းဘို့  တခုခုလုပ်ခဲ့သလား၊
ဧရာဝတီကို ကယ်တင်လိုက်ပါ၊ မြစ်ဆုံကို ကာကွယ်ကြပါ။

သင်ဟာ သမိုင်းကြောင်း ကောင်းဘို့  တခုခုလုပ်ခဲ့သလား၊
ဧရာဝတီအတွက် တိုက်ပွဲ ၀င်ပါ၊ မြစ်ဆုံအတွက် တိုက်ပွဲ ခေါ်ပါ။

ငါ ကြားတယ် ဧရာဝတီ၊ ငါ ကြားတယ်။

ရဲရင့်သက်ဇွဲ
၀၅၀၄၂၀၁၂
၃း၀၃နာရီ
သဘောထားအမြင် - သင်ဟာ သမိုင်းကြောင်းကောင်းဖို့  တခုခု လုပ်ခဲ့သလား ရဲရင့်သက်ဇွဲ - Apr 5 2012 04:25 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005