Top Advertisement
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ်

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

ပန်းပေါင်းစုံ ဖူးပွင့်တယ်လို့  ပြောရမှာလား
သပွတ်အူ မျောလာတာတွေ့ရတယ်လို့ ပြောရမှာလား
အမယ်ဘုတ်ရဲုသူ့ ချည်ခင်
မြန်မာပြည်ထဲကို ၀င်နေတာ
ငါ - ထင်တယ်
ကမ္ဘာဦးအစ
မြန်မာရယ်လို့ ဖြစ်လာတဲ့အချိန်ကထဲက
မွေးရာပါ ဗီဇစရိုက်
ကပ်ဆိုက်လာတာပဲ ဖြစ်မယ်။

အခုတလော
web ပေါ် net ပေါ် mail ပေါ်
ငါ့ ဖန်သားမျက်နှာပြင်ပေါ် ပေါ်လာသမျှ အကုန်းလုံး
စိတ်ထောင်းကိုယ်ကျေ ဖြစ်ရပုံများ
ရှုရှိုက်နေရတဲ့ လေတွေတောင်မှ
ပုပ်အဲ့ နံစော်သလို ခံစားလာရ။

အတိတ် ပစ္စုပ္ပန် အနာဂတ်
အဲဒီ သုံးရပ်စလုံးအတွက်
ရိုးစင်းသော အခြေခံတရား
မရှိမဖြစ် ငြိမ်းချမ်းရေးတရားပါ ပဲ
တခုတော့ စဉ်းစားကြ ဗျာ
ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး
အပစ်အခတ်ရပ်စဲရေး လွတ်ငြိမ်းချမ်းသာခွင့်
ဒါတွေဟာ အသစ်တွေ မဟုတ်ဘူး
ရန်သူရဲ့ နောက်ကျောကို ပို့ ထားတဲ့လက်ထဲက
စိတ်ပုတီးကုံးဟာ မီဂါတန်ဗုံးတွေပဲ ဖြစ်တယ်။

လှည့်စားမှု မာယာကပဲ အားကောင်းလေသလား
ကိုယ့်ညီအကိုများရဲ့ တိုင်းချစ်ပြည်ချစ်စိတ်ကပဲ အားကောင်းသလား
မပြောတတ်တော့ဘူး။
ဘာကို ယုံလို့  ဘာကို ပုံကြမှာတဲ့တုန်း
ကိုယ်ရေးခဲ့တဲ့သမိုင်း ရိုင်းသွားမှာ မကြောက်ဘူးလား
ကိုယ်ဖြတ်ခဲ့တဲ့သမိုင်း ကိုင်းသွားမှာ မကြောက်ဘူးလား
ကိုယ့်ရဲ့ ပေးဆပ်မှုတွေ ကွေးသွားမှာ မကြောက်ဘူးလား
တိုက်ဖော်တိုက်ဖက် အသက်စွန့်သွားသူများအပေါ်
သစ္စာဖောက်ရာ ရောက်သွားမှာကို မကြောက်ဘူးလား။

ယုံချင်သူတွေ ယုံကြပါ
ပုံချင်သူတွေ ပုံကြပါ
ကြိုးတန်းပေါ် လမ်းလျှောက်သလိုမျိုး
အသက်ကို ဉာဏ်စောင့်တယ်
ဟန်ချက် ညီစေကွဲ့
အော် - ငြိမ်းချမ်းရေးအတွက်
သွေးစွန်းလက်များကို မချစ်သော်လည်း
အောင့်ကာနမ်းကြပုံများ ဒဏ္ဍာရီဆန်လွန်းနေမလား။

ရဲရင့်သက်ဇွဲ
၁ ဧပြီ ၂၀၁၂
သဘောထားအမြင် - ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ ရှိရမယ် ရဲရင့်သက်ဇွဲ - Apr 3 2012 04:58 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005