Top Advertisement
စက်ဝန်း ကောက်ကြောင်း

စက်ဝန်း ကောက်ကြောင်း - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)

ဒီနေရာမှာ
ဇာတ်လမ်းတွေ များတယ်၊

ဇာတ်လမ်းတွေ များသလို
ဇာတ်လိုက်တွေ ပေါတယ်၊

(ဇာတ်လမ်း ရှိလို့  ဇာတ်လိုက် ရှိတာလား၊
ဇာတ်လိုက် ရှိလို့  ဇာတ်လမ်း ရှိတာလား)

(နိဒါန်းဟာ ဖြစ်စဉ် အစတခုရဲ့ အဆုံး၊
နိဂုံးဟာ ဖြစ်စဉ် အဆုံးတခုရဲ့ အစ)

အဆုံး အဆုံးတွေနဲ့ 
အစ မကုန်နိုင်တော့တဲ့ လောက
အစ အစတွေနဲ့ 
အဆုံးမတွေ့ နိုင်သေးတဲ့ လောက၊

နှာသီးဖျားက
ဝင်လေ ထွက်လေရဲ့
လျှို့ဝှက်ချက်ကို
မသိနိုင်သေးသရွေ့။

ဖြစ်ပျက် ပျက်ဖြစ်
ဝင်သက် ထွက်သက်ရဲ့
သစ္စာတရားကို
မျက်ကွယ်ပြုနေကြသရွေ့။

ဇာတ်ကွက်တွေ အလိုက်
ဇာတ်မြူး ဇာတ်ရူး ဇာတ်ကျူး
ဇာတ်ဖော်ကြရင်း
ဇာတ်လိုက်တွေနဲ့ 
ဇာတ်လမ်းတွေ
ဇာတ်စုံထပ်ညပ် ဇာတ်စုံဖြာယှက်
ရစ်ပတ်နေဦးရော့မယ်။ ။

ကျော်ဟုန်း
ခံစားချက် - စက်ဝန်း ကောက်ကြောင်း ကျော်ဟုန်း - Apr 3 2012 04:47 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005