Top Advertisement
နွေဦးသစ်ကို ကြိုဆိုခြင်း

နွေဦးသစ်ကို ကြိုဆိုခြင်း - ငြိမ်းချမ်းအောင် (သရုပ်ဖော် - မြင့်လှိုင်)

နယူးရော့မြို့ကြီး ပေးမယ်ဆိုလဲ
ဒို့ မန္တလေးနဲ့ မလဲနိုင်ဘူး။
ဒေါ်လာ ထီလီယမ်တရာ ပေးရင်လဲ
ဧရာဝတီမြစ်ကြီး မရောင်းနိုင်ဘူး။

အနောက်ဖက်ကို နေ၀င်သွားတာ
အရှေ့ဖက်က ပြန်ထွက်လာဖို့ ဖြစ်တယ်။
လဲကျတာဟာ ပြန်ထဖို့ ဖြစ်တယ်။
ဗမာစစ်ရင် ပြည်ချစ်တယ်။

အချစ်ရေ
ပိတောက်ဟာ တော်ဝင်အချစ်ပန်း ဖြစ်တယ်။
မြို့မငြိမ်းနဲ့ငွေငန်းဟာ မန္တလေးသားအစစ် ဖြစ်တယ်။
မန္တလေးကို မရောင်းကြနဲ့။
ဧရာဝတီမြစ်ကြီး ရောင်းမစားကြနဲ့။

အချစ်ရေ
နရသီဟပတေ့လက်ထဲမှာ တိုင်းပြည်ကို မထားခဲ့ပါနဲ့။
ရာဇ၀င်မှာ စောလူးဟာ အကြိမ်ကြိမ် သေရတယ်။
မင်းကျန်စစ်ဟာ အကြိမ်ကြိမ် ရှင်သန် ထမြောက်တယ်။

အချစ်ရေ
အန်အယ်လ်ဒီကို မဲပေးပါ။
အနာဂတ်ကို ရဲရဲ တွေးပါ။
ဗမာပြည်ဟာ ရောင်းကုန် မဟုတ်ဘူး။

အချစ်ရေ
လက်ချင်းမြဲမြဲ ချိတ်ထား
လူချင်းမြဲမြဲ တွဲထား
ဗမာပြည်ဟာ ရောင်းကုန် မဟုတ်ဘူး။ ။

ငြိမ်းချမ်းအောင်
(မတ် ၂၆၊ ၂၀၁၂)
ခံစားချက် - နွေဦးသစ်ကို ကြိုဆိုခြင်း ငြိမ်းချမ်းအောင် - Apr 3 2012 04:31 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005