Top Advertisement
မင်း သိစေစမ်း

မင်း သိစေစမ်း - မင်းကြည်ညို (သရုပ်ဖော် - မြင့်လှိုင်)

ခြေတရာ ဆန့်ပေမယ့်
သွေမကွာ ရင်မှာ ခန့်သူက
ပြည်ရွာက ပန်းသခင်။

စခန်းတမြေ
ဘယ်လို ပြောင်းပေမယ့်
လှမ်းသရွေ့ ခြေအလှမ်းတွေတိုင်း
စိတ်တမ်းရယ် မပြေအလွမ်းတွေကြောင့်
ခွေနွမ်းကာ ခင်ရေ တ,ပါလို့
စာ သ လို့ပဲ လှမ်းကာပင်
မေတ္တာလျှင် စဉ် အမြဲ။

မပျက်တမ်းပါပေ့
ယှက်သန်းကာပေ
အစဉ် ထာဝရလေမို့
ကမ္ဘာမြေ တည်သမျှကိုပဲ
ဧတေန သစ္စာ ဆို
ချစ်သဒ္ဒါ ပို ပီပြင်ကြောင်းကိုတော့
လှစ်ကာဆို စာခွေ လှမ်းတယ်
ခင်ရေ၊ မင်း သိစေစမ်း။ ။
ခံစားချက် - မင်း သိစေ စမ်း မင်းကြည်ညို - Apr 3 2012 04:22 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005