Top Advertisement
နေနဲ့ ဖုန်းဆက်ခြင်း
20120322 Thitsar Ni

နေနဲ့ ဖုန်းဆက်ခြင်း - သစ္စာနီ (သရုပ်ဖော် - မြင့်လှိုင်)

ဟဲလို
နေမင်းပါလား၊
အခု စကားပြောနေတာ
ကဗျာဆရာ ပါ။ ခင်ဗျားကို
အင်ကာတွေက ရှိခိုးတယ်၊
ဟာနုမာက ဆော့ကစားတယ်၊
မာယာကော့စကီးက လက်ဖက်ရည်တိုက်တယ်၊
ကျုပ်က ဖုန်းဆက်တယ်။

ဘုရားသခင်က ပြောတယ်၊
သူ ဖန်ဆင်းတဲ့ ခင်ဗျားဟာ
နှာစေးချောင်းဆိုး ကင်းရဲ့လား တဲ့။

လေအေးစက်က ပြောတယ်၊
သူ ချွေး မထွက်တာ ကြာပြီ တဲ့။

တိမ်တိုက်တခုက ပြောတယ်၊
သူ့ရေကူးကန်ဟာ ရွှေရောင် တဲ့။

နွားတကောင်က ပြောတယ်၊
မျက်မှန်စိမ်းတလက်လောက် လိုချင်တယ် တဲ့။

လမင်းက ပြောတယ်၊
ခင်ဗျားပို့လိုက်တဲ့ သံကြိုးစာ မရောက်ပါ တဲ့။

နေကြာပန်းက ပြောတယ်၊
သူ မျှားနေတဲ့ ငါးဟာ ခင်ဗျား တဲ့။

ကလေးတယောက်က ပြောတယ်၊
ခင်ဗျားမှာ ဦးထုပ်တလုံး ရှိသလား တဲ့။

အရုဏ်ဦးက ပြောတယ်
ခင်ဗျားရဲ့ အိပ်ခန်းတံခါးကို ခေါက်တာ သူပါ တဲ့။

အရိပ်တခုက ပြောတယ်၊
သူ့မှာ ကျည်ကာအင်္ကျီတထည် ရှိတယ် တဲ့။

ဇီးကွက်တကောင်က ပြောတယ်၊
ခင်ဗျားဟာ သူ့အတွက် အကောင်းဆုံးအိပ်ဆေး တဲ့။

တပေါင်းလက ပြောတယ်၊
သူ ထဘီအသစ်တထည် လဲချင်ပြီ တဲ့။

ခင်ဗျားကို ကျုပ်က ပြောတယ်၊
မြင်းမိုရ်တောင်ထိပ်မှာ
ရာသီဥတု သာယာပါရဲ့လား။
ခံစားချက် - နေနဲ့ ဖုန်းဆက်ခြင်း သစ္စာနီ - Mar 23 2012 12:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005