နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း

နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)
အိပ်မက်တွေကို ခြေရာခံကြည့်တော့
နှစ်တွေကို အထုပ်ဖြည်ချ
ခေတ်တွေကို ပီပီသသ မြင်ရတယ်၊
ကြယ်တွေ ကြွေတုန်းလား ။ အတွင်းစည်း အပြင်စည်း
လူ့ စည်း ဘီလူးစည်း
စည်းတွေရဲ့ ခရီးအကွာအဝေးတွေ ကြား
လသာသာမှာ ကစားမလား နားမလား
ရိုးစင်းတဲ့ မာယာမများတဲ့ တရား
ကြောက်မက်ဖွယ် ကောင်းလောက်အောင်
ဟောဒီ ဒွန္နယာမှာ ရိုးသားခဲ့ဘူးတယ်။ မိုင်တိုင်များ တွားသွား တက်လာကြ
အရိပ်များ ပို ရှည်လျားလာ
အတ္တများ ပို သိပ်သည်းလာ
ဘ၀က ပိုပြီး ပါးလျလာခဲ့
ကုသိုလ် အကုသိုလ် လမ်းဆုံမှာ
ငါ့ ရှိတာအကုန်ပုံ ရှိုးခဲ့ပြီး
မှောက်ထားတဲ့ နောက်ဆုံးဖဲချပ်ကို
ပွတ်ဆွဲနေဘို့ အချိန် ငါ့ဘဝ
လက်ကျန်နဲခဲ့ပုံများ သံဝေဂရစရာ
အရင်းအတိုင်း ချပြလိုက်တယ်။ ဟာ ကနဲ ဟင် ကနဲ အသံတွေ ကြဲသွားတဲ့အခါ
လဲသွားတဲ့ ငါ၊ လွဲသွားတဲ့ ငါ
မိသားစုရဲ့ ရှိုက်သံသဲ့သဲ့ နဲ့ 
သေမင်းရဲ့ ဟားတိုက်ရီမောသံ
ငါ့အတွက် ထိုးတဲ့ ခေါင်းလောင်းသံပဲ ဖြစ်မယ် ။ (၂၃၊ မတ်လ၊ ၂၀၁၂ မှာ ရောက်ရှိမယ့် မွေးနေ့ အတွက်) ရဲရင့်သက်ဇွဲ ၂၀၀၃၂၀၁၂
နှစ်တွေကို အထုပ်ဖြည်ချ
ခေတ်တွေကို ပီပီသသ မြင်ရတယ်၊
ကြယ်တွေ ကြွေတုန်းလား ။ အတွင်းစည်း အပြင်စည်း
လူ့ စည်း ဘီလူးစည်း
စည်းတွေရဲ့ ခရီးအကွာအဝေးတွေ ကြား
လသာသာမှာ ကစားမလား နားမလား
ရိုးစင်းတဲ့ မာယာမများတဲ့ တရား
ကြောက်မက်ဖွယ် ကောင်းလောက်အောင်
ဟောဒီ ဒွန္နယာမှာ ရိုးသားခဲ့ဘူးတယ်။ မိုင်တိုင်များ တွားသွား တက်လာကြ
အရိပ်များ ပို ရှည်လျားလာ
အတ္တများ ပို သိပ်သည်းလာ
ဘ၀က ပိုပြီး ပါးလျလာခဲ့
ကုသိုလ် အကုသိုလ် လမ်းဆုံမှာ
ငါ့ ရှိတာအကုန်ပုံ ရှိုးခဲ့ပြီး
မှောက်ထားတဲ့ နောက်ဆုံးဖဲချပ်ကို
ပွတ်ဆွဲနေဘို့ အချိန် ငါ့ဘဝ
လက်ကျန်နဲခဲ့ပုံများ သံဝေဂရစရာ
အရင်းအတိုင်း ချပြလိုက်တယ်။ ဟာ ကနဲ ဟင် ကနဲ အသံတွေ ကြဲသွားတဲ့အခါ
လဲသွားတဲ့ ငါ၊ လွဲသွားတဲ့ ငါ
မိသားစုရဲ့ ရှိုက်သံသဲ့သဲ့ နဲ့ 
သေမင်းရဲ့ ဟားတိုက်ရီမောသံ
ငါ့အတွက် ထိုးတဲ့ ခေါင်းလောင်းသံပဲ ဖြစ်မယ် ။ (၂၃၊ မတ်လ၊ ၂၀၁၂ မှာ ရောက်ရှိမယ့် မွေးနေ့ အတွက်) ရဲရင့်သက်ဇွဲ ၂၀၀၃၂၀၁၂
ခံစားချက် - နောက်ဆုံးအိပ်မက်ကို အိပ်မက်ခြင်း ရဲရင့်သက်ဇွဲ - Mar 23 2012 12:09 AM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012