Top Advertisement
ဘယ်သူ့ကြောင့်လို့  မင်း ထင်သလဲ
Who did It (Ye Yint Thet Zwe) - Myint Hlaing

ဘယ်သူ့ကြောင့်လို့  မင်း ထင်သလဲ - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

တခါတခါတော့လဲ ငယ်ဘ၀တွေကို လွမ်းမိရဲ့
ငါနေတဲ့အရပ် နေ့ တာတွေက တိုပြီး ညတွေက ရှည်လျားလွန်းလှတယ်။
ဘ၀ရဲ့ သုခတွေက နည်းပါးလွန်းပြီး ဒုက္ခတွေက ရှည်လျားလွန်းလှတယ်။
ဒီရုပ်ခန္ဒာကြီးကိုထမ်းပိုးထားရတာ သံသရာလဲ ညောင်းလွန်းလှရော့မယ်။
ခင်ဝမ်းရဲ့ ပတ်ဝန်းကျင်အပေါ် တင်နေတဲ့အကြွေး အကြိမ်ကြိမ် နားထောင်နေမိတော့တယ်။
ဖိုးချိုရေ ပျော်ရွှင်ဘွယ်ရာကာလတွေကို လက်နှစ်လုံးလောက် ငှဲ့ ငှဲ့ ပေးမနေပါနဲ့ ။
အတ္တကြီးတယ် ပြောပြော တဘ၀စာအတွက် မျက်ရည်နဲ့ သောက၊
ပျော်ရွှင်ဘွယ်ရာတွေနဲ့ ရောနှော ချခွင့်ပြုပါ။ (ချကွ)

နေရောင်မမြင်ရတဲ့ ရေခဲအရောင်တွေကြားမှာ၊
ငယ်ဘ၀ကို စွန်တခုလို လွှင့်တင်ဘို့ ကြိုးစား၊
အလို ဟောဟိုမှာ ဆောင်းခိုငှက်တွေ အုပ်စုဖွဲ့ ပျံသန်း၊
အသိုက်အမြုံစွန့် ခွါတဲ့လမ်းကို ငေးမောရီဝေ၊
အော် ဘ၀နဲ့ ဆန္ဒ တထပ်ထဲ မကျပုံများ ။

(သီတင်းကျွတ်လပြည့်က ပြန်လွတ်လာတဲ့ သရက်ထာင်က ယုံကြည်ချက်အကျဉ်းသား ငယ်သူငယ်ချင်း မင်းဟန်သို့ အမှတ်တရ)

ရဲရင့်သက်ဇွဲ
၁၁၁၂၂၀၁၁
ခံစားချက် - ဘယ်သူ့ကြောင့်လို့  မင်း ထင်သလဲ ရဲရင့်သက်ဇွဲ ကဗျာ - Feb 15 2012 07:46 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005