Top Advertisement
ခေါင်းစဉ် ရေးမထားတဲ့ မင်းကိုနိုင်ရဲ့ ကဗျာ
20120322 Minn Ko Naing

ခဲတံချွန်ပြီးပြီ
ကျောင်းသင်ခန်းပုံ ဆွဲချင် ဆွဲ
ဝတ်လစ်စလစ်ပုံ ဆွဲချင် ဆွဲ
သဘောပဲလေ။

ဒီမြေမှာ
ဓါးလှံတွေ ကြဲချင် ကြဲ
ချိုးငှက်တွေ ဝဲလို ဝဲ
သဘောပဲလေ။

စိတ်ချ ကလေးရေ
စစ်တိုက်ခန်းတွေ မကြိုက်လို့ 
ထိုးကြိတ်ခန်းတွေ မကြည့်လို့ 
သူရဲဘောကြောင်တယ် မစွတ်စွဲဘူး။

ဒါပေမယ့် ကလေးရေ
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ့်လက်မှတ်တော့ ထိုးရမယ်။ ။

မင်းကိုနိုင် (၁၃၊ ၂၊ ၂၀၁၂)

ခံစားချက် - ခေါင်းစဉ် ရေးမထားတဲ့ မင်းကိုနိုင်ရဲ့ ကဗျာ - Mar 22 2012 01:55 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005