Top Advertisement
စိတ်ပျက်တေးသံ
20120321 Kyi Maung Than

စိတ်ပျက်တေးသံ - ကြည်မောင်သန်း (သရုပ်ဖော် - မြင့်လှိုင်)

ကြိုးစားထားခဲ့တာတွေကို
အငြိုးထားခဲ့လေသလား ။

ကြေကွဲမှု တစုံတရာ
နာကြည်းမှု အထိုက်အလျောက်
ပေါက်ကွဲမှု အပြည့်အဝ
လျာထားချက်တွေက တိကျလွန်းပြန်တယ် ။

ကုက္ကိုရွက်ကြွေတွေ တဖွဲဖွဲ
နေ့ရက်တွေ ပြန့်ကြဲသွားကြ
ဘယ်တော့များမှလဲ
ဘယ်တော့များမှလဲ - တဲ့။

နေပူပူ ကွင်းပြင်ထဲ
ကိုယ့်ကိုယ်ကိုယ် တံလှပ်လို့ ထင်မိသူ ပါ
လောကဓါတ်ရှုခင်းကို
သက်ပြင်းတပုဒ်နဲ့ တုန့်ပြန်ဖို့
အသံကို သွန်ချမိပြန်ပေါ့။

ကြည်မောင်သန်း
ဧပြီ ၂၀၀၁ ၊ Fashion Image Magazine
ခံစားချက် - စိတ်ပျက်တေးသံ ကြည်မောင်သန်း - Mar 22 2012 01:09 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005