ဂီတငါးပါးရဲ့ အဖော်မွန်

ဂီတငါးပါးရဲ့ အဖော်မွန် - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
စကြဝဠာကြီးရဲ့ သေးမှုန်တဲ့ အမှုန်တခု
ဒါပေမယ့် ဂြိုဟ်တခုပမာ ကြီးမားကျယ်ပြန့် 
အဲ့ဒါ (့  ) မြေပြင်နဲ့  ဝေဟင်ကို သွယ်တန်းတဲ့ သက်တန့် 
နှလုံးသားတိုင်းကို စီးဆင်းနိုင်တဲ့ သွေး
အဲ့ဒါ (့  ) ခြံစည်းရိုးလဲ ကာ၊ ခြံစည်ရိုးလဲ စောင့်
နန်းတော်ဆောက် တထီးတနန်းနေတတ်
အဲ့ဒါ (့  ) လက်ဝဲသုန္ဒရရဲ့ ရွှေနားတော်သွင်းတေး
ဦးပုညရဲ့ စိတ်နာအလင်္ကာ
နီရိုးဘုရင်ကြီးကို တယောထိုးစေတဲ့ အရာ
အဲ့ဒါ (့  ) ကျုပ် တချိန်က ရက်ရက်စက်စက် အသည်းခွဲပစ်ထားဖူးတဲ့
ကျုပ်ကို အသည်းစွဲ စုံမက် ချစ်ခင်နေဆဲ အရာ
အဲ့ဒါ (့  ) နေ့ တိုင်း စားနေရ အဟာရတခုလို အရေးကြီး
တချိန်မဟုတ် တချိန်တိုင်းမှာ အရေးပါ
စွန့် ချင်သူတောင် သွယ်ဝိုက်ပတ်သက်နေရတဲ့ အရာ
အဲ့ဒါ (့  ) " ကဗျာ ၊ ကဗျာ ၊ ကဗျာပါ ဗျာ -" ကျုပ် လွန်သွားသလား၊ မှားများသွားသလား
စဉ်းစားပြီးမှ ကျုပ်ကို လက်ခုပ်တီးပါ
ကဗျာ ၊ ကဗျာကို ကင်းနိုင်ကြရဲ့လား။ လူမိခင်တိုင်းရဲ့ နှုတ်ဖျားမှာ သီးခဲ့ကြ
ကဗျာနဲ့  အိပ်၊ ကဗျာနဲ့ ငြိမ့်ခဲ့ကြတဲ့ ကျေးဇူး
ဦးညွတ်ရင်း ဂုဏ်ပြုလိုက်စို့ 
" ကမ္ဘာ့ ကဗျာနေ့ " ဆိုတာ ရှိသင့်ပါတယ်။ ။ ကျော်ဟုန်း (ကမ္ဘာ့ ကဗျာနေ့ အတွက် ကဗျာ)

ခံစားချက် - ဂီတငါးပါးရဲ့ အဖော်မွန် ကျော်ဟုန်း - Mar 15 2012 04:19 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012