Top Advertisement
ကဗျာ = ဆရာ အထ္ထုပ္ပတ္တိ
20120315 Kyaw Holme

ကဗျာ = ဆရာ အထ္ထုပ္ပတ္တိ - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)

ကဗျာဆရာကို
ဂရုဏာတရားက
ခဏ ခဏ ကျောပွတ်ပြီး
ခေါင်းတဆတ်ဆတ် ညိတ်ပြတတ်တယ်။

ဒါပေမယ့် ကဗျာဆရာဟာ
အဓိပ္ပာယ် သိပေမယ့်
ဂရုဏာကို ဂရုမပြုဘူး၊

(သူ့ ) ဒဏ်ရာတွေ ရတဲ့အခါတိုင်း
ကဗျာ မရေးတော့ဘူး ပြောတယ်။
(သူ့ ) ဒဏ်ရာတွေ ရတဲ့အခါတိုင်း
ကဗျာတွေ ထထ ရေးတယ်၊
“ကဗျာဆရာ ဂတိ မတည်ဘူး။”

ကဗျာဆရာကို
ဝမ်းတထွာက
ခဏ ခဏ ဆန္ဒပြတယ်။
ကဗျာဆရာကို
စိတ်အထာက
ခဏ ခဏ သိမ်းသွင်း စည်းရုံးပြန်တယ်။
ကဗျာဆရာကို
လောကသားက
ခဏ ခဏ နားပူနားဆာ လုပ်တယ်။
ကဗျာဆရာကို
လောကဓံက
ခဏ ခဏ စာသင် ပေးပြန်တယ်။

ကဗျာဆရာဟာ
ထမင်းစားရမယ့် အချိန်မှာ
ကော်ဖီရည်ကျဲကျဲ တခွက်မော့ပြီး နှစ်သိမ့်
ရောင်စုံလောကကြီးရဲ့
ဖိတ်ဖိတ်တောက် အလင်းတွေ စု
နှလုံးသွေးနဲ့ ရောစပ် မှင်ရည်ဖျော်
စိတ်အငြိမ်မနေ လက်အငြိမ်မနေ မွေးရာပါစရိုက်နဲ့ 
ကဗျာတွေ တပုဒ်ပြီး တပုဒ်
ရေးညှစ်ပြီးတဲ့ အခါ -

ကဗျာဟာ
ပန်းဖြစ်လိုက် ယမ်းဖြစ်လိုက်
စမ်းဖြစ်လိုက် လမ်းဖြစ်လိုက်
ဖြစ်ချင်ရာတွေဖြစ်ရင်း လမ်းပြ
“ကဗျာဟာ ဆရာဖြစ်သွားတယ်
ဆရာဟာ ကဗျာ ဖြစ်သွားတယ်”

အဲ့ဒီလိုနဲ့ 
ဂတိမတည်တဲ့ ကဗျာဆရာကို
ကရုဏာတရားက
ကျော ခဏခဏ ပွတ်ပြီး
ခေါင်း တဆတ်ဆတ် ညိတ်ပြတတ်တယ်။

ဒါပေမယ့် ကဗျာဆရာက
သူ့ အပေါ်ထားတဲ့
ဂရုဏာကို ဂရုမပြုဘူး၊
ဂရုပြုပြီး ကရုဏာနဲ့ ပဲ
( ကဗျာဆရာ ကဗျာ သီနေတတ်တယ်။)

ကျော်ဟုန်း
(ကမ္ဘာ့ ကဗျာနေ့ နှင့် ကမ္ဘာတဝှမ်းရှိ ကဗျာဆရာများကို ဂုဏ်ပြုလျှက်)
ခံစားချက် - ကဗျာ = ဆရာ အထ္ထုပ္ပတ္တိ ကျော်ဟုန်း - Mar 15 2012 04:09 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005