Top Advertisement
ထာဝရဘုရားသည် ကြွေအံ ကစားမည် လော
20120309 Khin Aung Aye

ထာဝရဘုရားသည် ကြွေအံ ကစားမည် လော - ခင်အောင်အေး (သရုပ်ဖော် - မြင့်လှိုင်)

လူဆိုတာ သေမျိုးပဲ
ဒဿနတွေ အာချောင်မှုအရ ကော
ဗုဒ္ဓဟော ဖော်ညွှန်ပြချက်တွေအရ ကော
ကိုယ့်ရှေ့မှာ ဖြုတ်ကနဲ ဖြုတ်ကနဲ မြင်နေ တွေ့နေရတာအရ ကော -
ငါ ဘယ်လိုမှ ငြင်း မရနိုင်။

ဘာလို့ သူတို့က စောပြီး ကိုယ့်ကျ နှောင့်နှေးနေရတာလဲ
ဥပမာ ကိုချော၊ ကိုခင်ဝမ်း၊ ကိုအောင်ဝင်း၊ ကေမျိုးနဲ့
ကိုယ် ရုတ်တရက် အမည်ဖော်မရတဲ့ အနုပညာတန်ဖိုးရှိသူများ

အချိန်၊ နာရီ၊ ပြက္ခဒိန်တွေဟာ
ဘ၀ကို လောင်းကြေးထပ်ကစားဖို့ အကွက်ချထားတဲ့ ကားချပ်တွေ လား။

ငါ့ လက်ထဲက ကြွေအံကို
လှိမ့်ပစ်လိုက်ဖို့ရာ
ငါ့မှာ တနုံ့နုံ့။ ။

ခင်အောင်အေး
၀၄၊ မတ်ခ်ျ၊ ၂၀၁၂ ပါယားလေဘာ၊ စင်္ကာပူ ၁၀း၁၁ နာရီ
ခံစားချက် - ထာဝရဘုရားသည် ကြွေအံ ကစားမည် လော ခင်အောင်အေး - Mar 15 2012 04:09 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005