Top Advertisement
တပေါင်းရိပ် (၂)
20120309 Minn Kyi Nyo

တပေါင်းရိပ် (၂) - မင်းကြည်ညို (သရုပ်ဖော် - မြင့်လှိုင်)

လေရူးက ထန်
ဟေမာန်ကြွ ပြောင်း
တောင်သေလာ မြူတွေ ရစ်တယ်
ကူးလ တပေါင်း။

ရော်ရွက်က ကြွေ
လေပြန်က လောင်း
ကိုင်းထက်စွံ ဟိုအနားမှာ
ဥသြက ညောင်း။

လွမ်းတေးကို ရှာ
သူ့မှာတဲ့ ညည်း
ဖော်မပါ ဗလာကျင်းတယ်
သနားဖွယ် တည်း။ ။

မင်းကြည်ညို
၂၅ - ၂ - ၂၀၁၂ ညနေ ၇ နာရီ ၃၇ မိနစ်
ခံစားချက် - တပေါင်းရိပ် (၂) မင်းကြည်ညို - Mar 8 2012 11:04 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005