Top Advertisement
အသည်းကွဲပြီးနောက် သတင်းစကား
20120309 Kyi Maung Than

အသည်းကွဲပြီးနောက် သတင်းစကား - ကြည်မောင်သန်း (သရုပ်ဖော် - မြင့်လှိုင်)

ခင်ဗျားတို့ဟာ
သကြားလုံးတလုံးရဲ့
အချိုဆုံးစက္ကန့်ကို ဆွဲဆန့်ချင်သူတွေပဲ။

ဟိုတနေ့က
သူမနဲ့တွေ့ပြန်တော့
အရောင်းစာရေးဆန်ဆန် မေးပါတယ်။
“ဘာကို အလိုရှိလဲ၊” တဲ့
လေကောင်းလေသန့်လို့ ဆိုရင်
အံ့သြနေကြလိမ့်မယ်။

အလို -
ဘယ်လိုဂီတပါလိမ့်
မင်ရည်ကျဲသွားတဲ့ ဒိုင်ယာရီ ဆိုပါလား
သူတို့ဟာ ကျွန်တော့်ကော်ဖီထဲက မလိုင် ပါ
ဂုဏ်ယူလိုက်စမ်းပါ၊ ကိုယ့်လူရေ။

သြော် - ဒါနဲ့
သင့်အိမ်ရဲ့ နံရံပေါ်မှာ
ပြက္ခဒိန်တခု အသံဝင်နေတာ
ဘယ်လောက်ကြာပြီလဲ။ ။

ကြည်မောင်သန်း
ဇန်န၀ါရီ ၁၉၉၀
ရနံ့သစ်
သဘောထားအမြင် - အသည်းကွဲပြီးနောက် သတင်းစကား - Mar 8 2012 10:48 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005