တပေါင်းရိပ် (၁)

တပေါင်းရိပ် (၁) - မင်းကြည်ညို (သရုပ်ဖော် - မြင့်လှိုင်)
နှောင်းလ တပေါင်း
ဟေမာန်ဆောင်းနှင့်
ကြွေဟောင်း သစ်ရွက်
ဂိမှာန်ရက်အား
ယှက်အား ယှဉ်ပြိုင်
အလှပိုင်သည်
ဂနိုင်သာလှ အကြောင်းတည်း။ နွေငှက်နွေကြို
တေးကို ဆိုလျှက်
ဆောင်းအိုရက်အား
မာန်နှင့် ပွားသို့
ဆောင်းကား အသက်
သူ မထွက်ခင် တရက် ပိုမူ
မာန်ကို ထူလျှက်
မှိုင်းမြူပြာဝေ နေသေးပေ။ ကောင်းကင်တထို
မြူက ခိုနှင့်
နွေပို အခိုက်
လေအတိုက်ဝယ်
သူ့ရှိုက်ကို ခွင်း
ပြောင်းတလင်းစေ
ပြာလဲ့ဝေသည်
နေခြည်မွန်းလွဲ
ကောင်းကင်ထဲ၌
ပျံဝဲ ငှက်ဖော်
လေထဲ ပျော်၏
ထိုပျော်သူထဲ
သူမနွှဲနှင့်
ဖော်ကွဲပျောက်သော
ငှက်ဥသြသည်
လွမ်းမောတေးဆို
ငှက်ကျေးအိုသို့
လွမ်းကဲ ပိုပြ
တပေါင်းလ ကား
နွမ်းလျ သာမော
ရောင်စုံရော၏
စောကြော ဖော်ပြ
ဒီတလကို
ချပြ မကုန်
ရှုမကုန်သည်
ရဂုံသာဖွေ ဆောင်းနှင့် နွေ။ မင်းကြည်ညို
၂၅ - ၂ - ၁၂ နေ့လည် ၁၂း၁၃နာရီ
ဟေမာန်ဆောင်းနှင့်
ကြွေဟောင်း သစ်ရွက်
ဂိမှာန်ရက်အား
ယှက်အား ယှဉ်ပြိုင်
အလှပိုင်သည်
ဂနိုင်သာလှ အကြောင်းတည်း။ နွေငှက်နွေကြို
တေးကို ဆိုလျှက်
ဆောင်းအိုရက်အား
မာန်နှင့် ပွားသို့
ဆောင်းကား အသက်
သူ မထွက်ခင် တရက် ပိုမူ
မာန်ကို ထူလျှက်
မှိုင်းမြူပြာဝေ နေသေးပေ။ ကောင်းကင်တထို
မြူက ခိုနှင့်
နွေပို အခိုက်
လေအတိုက်ဝယ်
သူ့ရှိုက်ကို ခွင်း
ပြောင်းတလင်းစေ
ပြာလဲ့ဝေသည်
နေခြည်မွန်းလွဲ
ကောင်းကင်ထဲ၌
ပျံဝဲ ငှက်ဖော်
လေထဲ ပျော်၏
ထိုပျော်သူထဲ
သူမနွှဲနှင့်
ဖော်ကွဲပျောက်သော
ငှက်ဥသြသည်
လွမ်းမောတေးဆို
ငှက်ကျေးအိုသို့
လွမ်းကဲ ပိုပြ
တပေါင်းလ ကား
နွမ်းလျ သာမော
ရောင်စုံရော၏
စောကြော ဖော်ပြ
ဒီတလကို
ချပြ မကုန်
ရှုမကုန်သည်
ရဂုံသာဖွေ ဆောင်းနှင့် နွေ။ မင်းကြည်ညို
၂၅ - ၂ - ၁၂ နေ့လည် ၁၂း၁၃နာရီ
ခံစားချက် - တပေါင်းရိပ် (၁) မင်းကြည်ညို - Mar 8 2012 10:26 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
မင်းကြည်ညို ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012