ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့

ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့ - မောင်ကြီးငြိမ်းချမ်း (သရုပ်ဖော် - မြင့်လှိုင်)
ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
ဒီမြို့မှာ ၀ိညာဉ်တွေ ကျပျောက်သွားတယ်
ဒီမြို့မှာ မျက်ရည်တွေ ပင်လယ် ဖြစ်သွားတယ်
ဒီမြို့မှာ အမှန်တရား ကခုန်ခဲ့တယ်
ဒီမြို့မှာ မိတ်ဆွေတွေ ရန်သူသွားဖြစ်သွားတယ်
ဒီမြို့မှာ ငါ မဖော်ပြနိုင်ခဲ့တာတွေ အများကြီး ရှိတယ်။ ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
ဒီမြို့မှာ သားရဲတွင်းတွေ ရှိနေဆဲ
ဒီမြို့မှာ မြေခွေးတွေ ပျော်နေဆဲ
ဒီမြို့မှာ အပြုံးတွေရဲ့အောက် အစွယ်တွေက မြ နေဆဲ
ဒီမြို့မှာ တယောက်ထဲ လမ်းထွက်ဖို့ ကြောက်နေဆဲ
ဒီမြို့မှာ ငါမသိတဲ့ ပဟေဠိတွေ လမ်းလျှောက်နေတုန်း ဖြစ်တယ်။ ရန်ကုန် ဆိုတော့လည်း ရင်ခုန်တာပေါ့
မသိခြင်းတွေကို ရူးချင်ယောင်ဆောင်ခြင်းနဲ့ ပေါင်းစပ်ဖို့
ရာဇ၀တ်မှုတွေကို မျက်လုံးကန်းနဲ့ ကြည့်တတ်ဖို့
ပုရွက်ဆိတ်တွင်းထဲက အလင်းရောင်ကို နေထင်ဖို့
ငါလေ
ဝိသာခါ ကျောင်းအစ်မကြီးရဲ့ နွားဘ၀မှာ သာယာမှုမျိုး
ရန်ကုန်မှာ ပြန်မယူချင်တော့ဘူး။

ခံစားချက် - ရန်ကုန်ဆိုတော့လည်း ရင်ခုန်တာပေါ့ မောင်ကြီးငြိမ်းချမ်း - Mar 4 2012 08:35 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
မောင်ကြီးငြိမ်းချမ်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012