Top Advertisement
လာနေကျ တေး
20120305 Minn Kyi Nyo

လာနေကျ တေး - မင်းကြည်ညို (သရုပ်ဖော် - မြင့်လှိုင်)

စံပယ်ရုံ
တနွယ်ငုံ ဖြူဆင်း
မလေးခင်အိမ် အရှေ့မှာ
ရနံ့ ကြူသင်း။

ညနေခင်း အလင်းရောင်
ညိုမှောင်ဖျော့မရှင်း
ကိုလူပျို ခင့်အိမ်ရှေ့မှာ
ပုလွေနဲ့ ညှင်း။

ပုလွေချင်း တေးသံသာ
ညနေခါ လာနေကျ
မျှော်ရပြန်ပါ
သို့ပေမယ့် ပေါ်မလာ
ပျို့ရင်မှာ မချိတွေး
ပုလွေရှင် ဘယ်သို့ ဝေးတယ်
ရင်ထဲပူဆွေး။ ။

မင်းကြည်ညို
မတ်လ ၂ ရက်၊ ၂၀၁၂ (သောကြာနေ့)
ခံစားချက် - လာနေကျ တေး မင်းကြည်ညို - Mar 4 2012 08:28 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005