တစုံတရာ လွဲချော်မှု

တစုံတရာ လွဲချော်မှု - ဇာနည်မောင် (သရုပ်ဖော် - မြင့်လှိုင်)
မဟုတ်သေးပါဘူး၊
တစုံတရာကြောင့် တခုခုလွဲချော်နေလို့ပါ ။
ပြဿနာတခုရဲ့ကိစ္စအ၀၀ကို လူသားတို့ရဲ့ ကြိုးစားမှု စွမ်းပကားတွေနဲ့သာ
ဟောဒီလောကမှာ အောင်မြင်တဲ့သီးနှံတွေအဖြစ်
ပြုပြင် ပြောင်းလဲနိုင်ခဲ့ကြတယ်။ မဟုတ်သေးပါဘူး၊
တစုံတရာကြောင့် တခုခုလွဲချော်နေလို့ပါ။
ဘ၀ဆိုတာက တိုက်ပွဲတခုဆိုတာကို မေ့နေကြပြီး
အဲ့ဒီတိုက်ပွဲကို မတိုက်ကြလို့ပဲ ဖြစ်မှာပါ။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေကို
ရေရှည်တားဆီး မထားနိုင်တဲ့ ဖောက်ပြန်တဲ့
အစိုးရတွေလည်း မကြာသေးတဲ့အချိန်တွေကပဲ
ပြည်သူ့အင်အားလှုပ်ရှားမှု တိုက်ပွဲတွေကြားမှာ
အသီးသီး ကျရှုံးခဲ့ကြလေရဲ့။ မဟုတ်သေးပါဘူး၊
လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတာက
ရေရှည်ဘ၀ရေးအတွက် မတွေးဘဲ
အဓိကနဲ့ သာမညကို မခွဲတတ်တဲ့
တစုံတရာကြောင့်
တခုခု လွဲချော်နေတာပါ။

ခံစားချက် - တစုံတရာ လွဲချော်မှု - ဇာနည်မောင် - Mar 4 2012 08:15 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ဇာနည်မောင် ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012