Top Advertisement
ကြေးမုံ ပြတိုက်
20120305 Kyaw Holme

ကြေးမုံပြတိုက် - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)

တုံ့ လှဲ့ မယူလိုလဲ
ဖျောက်ဖျက်ခွင့် မပြုနိုင်ဘု
ဘယ်တော့မှ မမေ့ဘူး။

သမိုင်းဆိုသည်မှာ
မှန်ခဲ့ မှားခဲ့၊ တိမ်းခဲ့ တည့်ခဲ့
အရှိအတိုင်း ရှိသင့်တဲ့ အရာ
ဘယ်တော့မှ မမေ့ဘူး။

နှောင်းလူတွေကို မညာကြေး
ကိုယ့်ကိုယ်ကိုလဲ မညာကြေး
သမိုင်းကို မညာကြေး
တေးမှတ်ရဲ စေ့စပ်မြဲတဲ့
အင်္ဂလန်က သမိုင်းပြတိုက်များ
အတုယူစရာပ၊ တုနိုင်ပါစ။

ဗြောင်လိမ်ခဲ့တဲ့ သူများ
ယောင်စိန်နှောခဲ့ သူများ
အင်္ဂလန်ပြတိုက်တွေကို သွားကြည့်
သမိုင်းကို သမိုင်းအတိုင်း တွေ့ လိမ့်
ခင်ဗျားတို့ ထက် သတ္တိရှိတယ် “ဟုတ်“

(ပွင့်လင်းမှု မရှိခြင်းဟာ ကောက်ကျစ်ခြင်း
သမိုင်းကို လိမ်ခြင်းဟာ မျိုးဆက်ကို လိမ်ခြင်း
ကိုယ့်ကိုယ်ကိုယ် လိမ်ခြင်းဟာ ဘဝကို လိမ်ခြင်း
ဘဝကိုလိမ်ခြင်းဟာ သံသရာကို လိမ်ခြင်း)
ဖုံးဖိမရတဲ့ လိမ်ခြင်းတွေ
ဆက်ပြီး ကျူးလွန်နေမဲ့အစား
ဖြတ်၊ ရပ် ၊ရှေ့တက် လုပ်သင့်တာတွေ လုပ်၊
မသမာမှုတွေ မသတီစရာတွေ
မံမီရုပ်အလောင်းလို ဆေးစိမ်ထားဖို့ မလို
ကောက်ရိုးပုပ်ကို တုတ်ထိုးဆွဖို့ မလုပ်
နောက်ကြောင်းလဲ ပြန် မလှည့်ကြစို့  ဟုတ်။

ခင်ဗျားတို့ နဲ့ ကျနော်တို့ 
လိုအပ်တာတွေ လုပ်
မလိုအပ်တာတွေ နုတ်။

ဒါပေမယ့် တခုတော့ ရှိ
တုံ့ လှဲ့ မယူလိုလဲ
ဖျောက်ဖျက်ခွင့် မပြုနိုင်ဘု
(ကိုဇာဂနာ) ရေ - ဒီနေရာမှာ
ခင်ဗျားနဲ့ ကျနော် ထပ်တူကျတယ်
ဘယ်တော့မှ မမေ့ဘူး ”ဟုတ်”။
သဘောထားအမြင် - ကြေးမုံ ပြတိုက် ကျော်ဟုန်း - Mar 4 2012 08:43 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005