လူမြတ်

လူမြတ် - ကျော်ဟုန်း (သရုပ်ဖော် - မြင့်လှိုင်)
သင်္ခါရတွေ ထမ်းပိုးထားရတဲ့ သက်ရှိတွေမှာ
ရယ်လိုက် ငိုလိုက် ပြုံးလိုက် မဲ့လိုက်ဆိုတာ ဇာတ်ဝင်ခန်းတွေ လေ
ဘာ ထီနေမလဲ လူကလေးရေ့ (ဒါ လောကဓံ) ပြေးတွေ့လိုက် ၊ မရှောင်နဲ့  ပြေးတွေ့လိုက်
လောကဒဏ်ပဲဖြစ်ဖြစ်၊ လောကဓံပဲဖြစ်ဖြစ်
ပြေးတွေ့လိုက်ပါ၊ အတွေ့ အကြုံရတာ အမြတ်ဟေ့
ဘာ ထီနေမလဲ လူကလေးရေ့ (ဒါ ဖြစ်စဉ်တရား) လူကလေး မင်းဟာလေ
"ထွေးပြီး ထွင်တဲ့နေရာမှာ
ထန်တွေတောင် ထုံပြီး ထိုင်းသွားမယ်" ဆိုရင်ပ
လူဗိုလ်ပုံအလယ် သူရဲကောင်းဖြစ်ပြီ။ လူကလေး မင်းဟာလေ
"ဖျောပြီး ဖြီတဲ့နေရာမှာ
ဖျံတွေတောင် ဖြုံပြီး ဖျားသွားမယ်" ဆိုရင်ပ
လူဂုဏ်အလယ်မှာ လူစွမ်းကောင်းဖြစ်ပြီ။ အရေးကြီးတာက
စက္ကန့် အချိန်တိုင်းဟာ
မင်းအတွက် မဟုတ်ရင်တောင်မှ
သူ့ အတွက်၊ သူတို့ အတွက်၊ သူများအတွက်
နှမ်းတစေ့၊ ပန်းတပွင့်၊ လေတညင်း ဖြစ်နိုင်မယ်ဆိုရင်
သူရဲကောင်း၊ လူစွမ်းကောင်း မဟုတ်လဲ
လူဖြစ်ရကျိုးနပ်ပါတယ် လူကလေးရေ့
ကောင်းမြတ်ခြင်းဖြင့် အသက်ရှင်နိုင်ပါစေကွဲ့
ကဲ - ရွေးလိုက်စမ်း လမ်းကွဲများစွာထဲက တခု။ ။

ခံစားချက် - လူမြတ် ကျော်ဟုန်း - Mar 4 2012 07:53 PM EST
သတင်းမာတိကာ
ဆောင်းပါး မာတိကာ
ကဗျာ မာတိကာ
ဓါတ်ပုံ မာတိကာ
ဆက်သွယ် မေးမြန်းခြင်း၊ အသံဖိုင် မာတိကာ
မြန်မာအသိုင်းအ၀ိုင်းဆိုင်ရာ သတင်းများ
အနုပညာသတင်း မာတိကာ
ကျော်ဟုန်း ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)
Click for weather forecast
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012