Top Advertisement
စု သာ ပေး
20120305 Thu Lu Caroline

စု သာ ပေး - သူ့လူ (ကာရိုလိုင်းနား) (သရုပ်ဖော် - မြင့်လှိုင်)

စု ထားတဲ့ ပြည်သူတို့ ရဲ့ စွမ်းအားတွေနဲ့ 

စု မိဆောင်းမိတဲ့ စီးပွားဥစ္စာလယ်ယာမြေလေး မင်းဆိုးမင်းညစ်မျိုးကနေ ထာဝရ ကင်းဝေးပြီး

စု စုဝေးဝေး မိသားစုဘဝလေးတွေ မကွဲမကွာ အနာဂတ်မှာ အမြဲ နေနိုင်ကြဖို့ 

စု ပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးတဲ့ တအာဏာနိုင်ငံရေးစနစ် ဆိုးမျိုးတွေကို

စု ပေါင်းညီညာစွာဖြင့် နောင်မှာ ထပ်ပေါ်မလာနိုင်သည့်ထိ အပြီးတိုင် ဝိုင်းဝန်း ဖြိုချလိုက်ကြကာ

စု စည်းခိုင်မာတဲ့ ဒီမိုကရေစီမြန်မာနိုင်ငံတော်ကြီးကို အရင် တည်ဆောက်ကြရအောင်

စု ဆိုပြီး ချစ်စနိုးခေါ်နေတဲ့ ဒေါ်စု ကို

စု လို့ သာ ကျုပ်တို့ ပိုင်တဲ့ ဆန္ဒမဲတွေအားလုံး ပေးလိုက်ကြစို့ ။
သဘောထားအမြင် - စု သာ ပေး (သူ့လူ (ကာရိုလိုင်းနား)) - Mar 4 2012 08:44 PM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
သူ့လူ (ကာရိုလိုင်းနား) ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005