Top Advertisement
လွတ်ငြိမ်း ချမ်းသာခွင့်
Amnesty  (Ye Yint Thet Zwe) Myint Hlaing

လွတ်ငြိမ်းချမ်းသာခွင့် - ရဲရင့်သက်ဇွဲ (သရုပ်ဖော် - မြင့်လှိုင်)

ရူးသွပ်သွားတော့မယ့် အတိုင်း
ထင်ရာစိုင်း လိုက်ချင်မိတယ်။
၂၀၁၂ အတွက် ဆွဲလိုက်တဲ့ ဖဲ
မျှော်လင့်ချက် အကုန်လုံး လွဲသွားတယ်။

တောက်ခေါက်သံ တချက် အံထွက်လာတယ်၊
ဝေဒနာ အခင်းအကျင်း
ရိုက်ချက်က ပြင်းတယ်။
ခံစားမှု အတိုင်းအတာကို၊
ဘယ်အရာနဲ့ များ နှိုင်းကာပြရ ပါ့။

ကမ္ဘာ့ လူကြီးလူကောင်းများ၊
ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို
ခင်ဗျားတို့  အလေးပြုပါ။
ခင်ဗျားတို့  ဂုဏ်ယူပါ၊ လက်ခမောင်းခတ် ပါ၊
ခင်ဗျားတို့  လေးလေးနက်နက် လက်ခုပ်တီးပါ။
ပြီးရင် ချုံးပွဲချ ငိုပါ ။

ဟုတ်ကဲ့ ....
ပြည်သူတယောက်အနေနဲ့ 
ခင်ဗျား ဘာလုပ်ချင်ပါသလဲ မေးလာခဲ့ရင်၊

အဲ့ဒီ မသတီစရာ မျက်နှာတွေကို
ဖြတ်ရိုက်ချင်လိုက်တာ၊

လက်ကုန်ပဲ.....။

ရဲရင့်သက်ဇွဲ
၀၄၀၁၂၀၁၂
၎း၄၈ အေအမ်
သဘောထားအမြင် - လွတ်ငြိမ်း ချမ်းသာခွင့် ရဲရင့်သက်ဇွဲ ကဗျာ ပေါက်ကွဲမှု - Feb 16 2012 12:15 AM EST
သတင်းမာတိကာ
ကဗျာ မာတိကာ
အနုပညာသတင်း မာတိကာ
ရဲရင့်သက်ဇွဲ ရဲ့ ကဗျာများ
သတင်းစာမျက်နှာများ ၊ စာပေ ဂီတ အနုပညာ စာမျက်နှာ ၊ မြန်မာအသိုင်းအ၀ိုင်းစာမျက်နှာ ၊ အဖွဲ့အစည်းများ
ရန်ကုန် မိုးလေ၀သ (Rangoon Weather Forecast)Find more about Weather in Rangoon, BM
Click for weather forecast
1 US Dollar = 822 Kyats
အမေရိကန် ၁ ဒေါ်လာ = မြန်မာငွေ ၈၂၂ ကျပ်
May 3, 2012
since December 12, 2005